ဒီနေ့ညနေ၆နာရီခွဲအချိန်မှာတော့အာရှအားကစားဘောလုံးပြိုင်ပွဲအုပ်စု(F)ရဲ့ဒုတိယပွဲစဉ်အနေနဲ့

မြန်မာအသင်းနဲ့မြောက်ကိုရီးယားအသင်းတို့ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။မြန်မာအသင်းဟာ

ပြိုင်ပွဲမှာရလဒ်ကောင်းရဖို့အတွက်ကြိုးစားနေတာဖြစ်ပါတယ်။နှစ်သင်းလုံးရဲ့အဖွင့်ပွဲစဉ်ဖြစ်တာနဲ့အညီ

အနိုင်ရဖို့အတွက်အပြင်းအထန်ကြိုးစားရမှာဖြစ်ပါတယ်။

မြောက်ကိုရီးယားအသင်းဟာအာရှထိပ်သီးအသင်းကြီးဖြစ်ပီး၂၀၁၄အာရှအားကစားဘောလုံးပြိုင်ပွဲမှာ

ဒုတိယဆုရထားတဲ့အသင်းဖြစ်ပါတယ်။မြန်မာအသင်းကလည်း၂၄နှစ်ကြာမှပထမဆုံး

ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်တဲ့ပွဲလည်းဖြစ်ပါတယ်။အာရှအားကစားပြိုင်ပွဲမှာနှစ်ကြိမ်ထိပ်တိုက်တွေ့ဆုံထားပီး

မြောက်ကိုရီးယားအသင်းကတစ်ကြိမ်အနိုင်ရရှိထားပီးတစ်ကြိမ်သရေကျထားတာဖြစ်ပါတယ်။

အာရှအင်အားကြီးအသင်းဖြစ်တဲ့မြောက်ကိုရီးယားအသင်းကိုယှဉ်ပြိုင်ဖို့အတွက်ဘယ်လိုနည်းဗျူဟာတွေကို

နည်ပြချုပ်အန်တွမ်နီဟေးလ်ပြင်ဆင်ထားလဲဆိုတာတော့စိတ်ဝင်စားဖို့ကောင်းနေပါတယ်။အုပ်စုကျပ်ထဲမှာကျရောက်နေပီး

အုပ်စုတက်ဖို့အတွက်ရုန်းကန်ရမယ့်မြန်မာအသင်းကတော့ဘယ်လိုအတောင့်အတင်းဆုံးလူတွေနဲ့ပွဲထွက်လာမလဲဆိုတာကတော့

စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ယနေ့ည၆:၃၀မှာကစားမယ့်မြန်မာအသင်းနဲ့မြောက်ကိုရီးယားအသင်းတို့ပွဲစဉ်ကိုအားပေးဖို့ဖိတ်ခေါ်လိုက်ကပါတယ်။

photo :MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။