မြန်မာပြည်သူတွေအားလုံး စိတ်ဝင်တစားကြည့်ရှုအားပေးရင်း ခံစားချက်တွေအဖုံဖုံ ကိုပေးစွမ်းသွားခဲ့တဲ့ Myanmar Idol Season 3 ပွဲကြီးကတော့ မကြာသေးခင်ကပဲပြီးဆုံးသွားခဲ့ပါပြီ ။ Season 3 ဟာဆိုရင်တော့ အခြားသော Idol ပွဲတွေထက် ထူးခြားမှုတွေဖြစ်ခဲ့ပါတယ် ။ Finalist ချမ်းမြေ့မောင်ချိုနဲ့ ဖြိုးမြတ်အောင်တို့နှစ်ယောက် ပြိုင်ဆိုင်ရမယ်ဆိုပေမယ့် ချမ်းမြေ့မောင်ချိုရဲ့ ကျန်းမာရေးအခြေအနေကြောင့် နောက်ဆုံးမှာဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ပါဘူး ။ Winner ဆုကို season တစ်ခုလုံးက ပြိုင်ပွဲတွေတိုင်းမှာ ဒိုင်တွေရဲ့ မှတ်ချက်ကောင်းတွေ ရရှိခဲ့တဲ့ ဖြိုးမြတ်အောင်ကပဲ ရရှိသွားခဲ့ပါတယ် ။

ယနေ့ ၁၅.၈.၂၀၁၈ဖြိုးမြတ်အောင်(myanmar idol) ဟင်္သာတမြို့အပြန်ခရီး ကို စတင်နေပြီဘဲ ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်ကို လာရောက်ကြိုဆိုတဲ့ဟင်္သာတခရိုင် ဆိုင်ကယ်အဖွဲ့ရဲ့ မြင်ကွင်းတွေကတော့ အားရစရာပါနော် ။ဓနုဖြူမြို့ အဆွေတော် စားသောက်ဆိုင် ဝန်းထဲမှာရောက်ရှိခဲ့ပြီး အခုအချိန်မှာတော့ ပြန်လည်ထွက်ခွာနေပြီလို့လည်း သိရပါတယ်နော် ။ ဖြိုးမြတ်အောင်ကို မျှော်တလင့်လင့် နဲ့ စောင့်ကြိုနေကြတဲ့ ပရိသတ်ကြီးကလည်း အိမ်အပြန်ခရီးမှာ ကြိုဆိုနေကြပြီလည်းဖြစ်ပါတယ်။

ဖြိုးမြတ်အောင်အနေနဲ့ အခုလိုတခဲနက်အားပေးတဲ့ ပရိသတ်တွေကြောင့် အပျော်ကြီးပျော်နေခဲ့ပါတယ်။ ဖြိုးမြတ်အောင်ကတော့ အခုလိုဂုဏ်ပြုပေးကြတဲ့ ပရိသတ်တစ်ဦးချင်းစီကို အထူးပင်ကျေးဇူးတင်ရှိကြောင်းပြောဆိုထားပါတယ်။ဖြိုးမြတ်အောင် ကတော့ အခုအချိန်မှာ ဓနုဖြူ မြို့ အဝင်ကို ရောက်ရှိနေပြီဘဲဖြစ်ပါတယ်တဲ့နော် ။ ပရိသတ်ကြီးရော ဖြိုးမြတ်အောင်အတွက် မှတ်ချက်စကားလေးတွေပြောပေးသွားကြပါနော်။

Source - D zin tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။