ယဉ်လက်သက်ေ၀ လို့အမည်ရတဲ့ မိန်းမလှလေးတစ်ဦးကတော့ လက်ရှိအချိန်မှာဆိုရင် အားပေးသူပရိသတ်တွေများစွာနဲ့ နေရာတစ်ခုကိုရရှိပိုင်ဆိုင်ထားနိုင်တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။

ယဉ်လက်ကတော့ နာမည်လေးနဲ့လိုက်အောင်ပင် ယဉ်ယဉ်းလေးနဲ့ လှပလှသလို တောက်ပလှတဲ့အနာဂတ်တွေ တဖြေးဖြေးလင်းလက်နေတဲ့ အနုပညာရှင်မလေးတစ်ဦးပဲဖြစ်ပါတယ်။

အနုပညာအလုပ်တွေဆိုရင် ရူးသွပ်လှတဲ့ မင်းသမီးလေးယဉ်လက်တော့ သရုပ်ဆောင်ပိုင်းမှာတော်ရုံသာမကဘဲ ပန်းချီဆွဲတဲ့ အနုပညာမှာပါ တကယ့်ကိုပါရမီပါလှသူလေးတစ်ဦးပဲဖြစ်ပါတယ်။

ပန်းချီပညာနဲ့ပတ်သတ်ပြီး ဆုတွေများစွာရရှိထားတဲ့ ယဉ်လက်ကတော့ အခုလတ်တလောမှာဆိုရင် သူမဖန်တီးပုံဖော်ထားတဲ့ ပန်းချီပုံရိပ်လေးတွေကို လူမှုကွန်ယက်ပေါ်မှာ တင်ပေးနေတာကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် ယဉ်လက်ဟာ သူမအရမ်းကိုဝါသနာပါလှတဲ့ ပန်းချီဆွဲခြင်းအနုပညာနဲ့ပတ်သတ်ပြီး စကားလေးအချို့ကိုလည်း လူမှုကွန်ယက်ပေါ်မှာပြောကြားခဲ့သေးတာပဲဖြစ်ပါတယ်။

သူအရမ်းကိုဝါသနာပါလှတဲ့ ပန်းချီပညာနဲ့ပတ်သတ်ပြီး ယဉ်လက်ဟာ ပန်းချီပညာကို စွန့်လွှတ်ဖို့ကြိုးစားမိခဲ့တယ် ၊ နှစ်နဲ့ချီပြီး ပစ်ထားခဲ့ဖူးတယ် ၊ သို့သော် ရူးသွပ်စွာ ပြန်လည်ဆုပ်ကိုင်ဖို့ ကြိုးစားမိလေသည် ကျွန်မချစ်သောသည် အနုပညာဆိုတဲ့ စကားလေးတွေကို လူမှုကွန်ယက်ပေါ်မှာ သူမဆွဲထားတဲ့ ပန်းချီပုံရိပ်လေးတွေနဲ့တွဲလျက်ပြီးပြောကြားခဲ့ပါတယ်။

ထိုစာသားလေးတွေနဲ့အတူ တင်ပေးခဲ့တဲ့ ပန်းချီပုံရိပ်လေးဟာဆိုရင်လည်း မိန်းကလေးတစ်ယောက်မျက်ရည်ကျနေတဲ့ ပုံရိပ်လေးကိုဆွဲထားတာက တကယ့်ကိုအနုပညာလက်ရာမြောက်လှပါတယ်။

ပရိသတ်တွေအနေနဲ့ ယဉ်လက်ရဲ့ပန်းချီ လက်ရာလေးတွေကို ကြိုက်နှစ်သက်တယ်ဆိုရင် သူမကိုပန်းချီပညာနဲ့အတူ အမြဲရှိနေဖို့ အားပေးစကားလေးတွေပြောကြားခဲ့ကြဦးနော်။

source - Yin Let

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။