သရုပ်ဆောင်နေဒွေးတစ်ယောက် ရိုက်ကွင်းပေါ်မှာ မော်ဒယ် Ashwarya Kumar နဲ့ ရိုက်ကူး နေတဲ့ပုံရိပ်တွေကို " Surprise " ဆိုတဲ့စာလေးနဲ့ တင်လိုက်တာကြောင့် ချစ်သူက စိတ်ကောက်သွားပြီပဲဖြစ်ပါတယ်။ တကယ်ချစ်တဲ့အတွဲလေးတွေဆိုတာ ဒီလိုပဲနော် ပရိသတ် ကြီး။ တစ်ယောက်နဲ့တစ်ယောက် သဝန်တိုရင်း စကားများရင်း မခေါ်ပဲလဲမနေနိုင်ပဲ တကယ်ကိုကြည်နူးစရာကောင်းတဲ့ အခိုက်အတန့်လေးတွေကို ဖန်တီးနေကြတာပဲ ဖြစ်ပါ တယ်။ နှစ်ယောက်သားရဲ့ ချစ်သူသက်တမ်းဟာလည်း 2နှစ်ကျော် ကာလကိုတိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

မော်ဒယ် Ashwarya Kumar ဟာဆိုရင် မန္တလေးမြို့သူလေးဖြစ်ပြီး မြန်မာနိုင်ငံဖွား အိန္ဒိယ အနွယ်ဝင် မိန်းကလေးတစ်ဦးပဲဖြစ်ပါတယ်။ သူမဟာ ဘောလိဝုဒ်မင်းသမီးတစ်ယောက်လို လှပလွန်းတာကြောင့် အားလုံးက ဘောလိဝုဒ်မင်းသမီးတစ်ယောက်လို့ပဲ ထင်မှတ်မှားခဲ့ ပေမယ့် တကယ်တမ်းမှာတော့ သူမက မြန်မာနိုင်ငံဖွား အိန္ဒိယနွယ်ဝင် မိန်းမလှလေး တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကို Ash လို့လဲ ခေါ်ကြပါတယ် ။ သူမဟာ Fashion Show Model တစ်ယောက်ဖြစ်သလို Miss Shaandaar 2017 ရဲ့ Title Winner Miss တစ်ယောက် လဲဖြစ်ပါတယ် ။

အမေရိကန်နိုင်ငံ Los Angeles မြို့မှာပြုလုပ်တဲ့ India Fashion Week မှာလည်း India Fashion Model တစ်ယောက်အဖြစ် ဝင်ရောက် လျှောက်လှမ်းခဲ့သေးတာမို့ သူမရဲ့ အနုပညာအစွမ်းကလည်း မနည်းလှပါဘူး။ နေဒွေးတစ်ယောက် သူမရဲ့ရိုက်ကွင်းပေါ်က ပုံရိပ်တွေတင်ပြီး နောက်ပိုင်းမှာတော့ ခင်မင်သူတစ်ယောက်က " က်ုနေဒွေ တော့အကျွေး ခံရတော့မယ် " ဆိုပြီးပြောတဲ့အပေါ် " ခုတောင်ကောက်တော်မူ " လို့ ပြန်ပြီးပြောဆိုခဲ့တာ ဖြစ်ပါ တယ်။ ချစ်ဖို့ကောင်းတဲ့ ချစ်သူ ကောင်မလေးကိုပိုင်ဆိုင်ထားတဲ့နေဒွေးတစ်ယောက် ခုချိန် မှာတော့ ချော့ဖို့ပြင်ဆင်နေလောက်ပါပြီ ပရိသတ်ကြီးရေ။

Photo - Nay Dway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။