ပရိတ်သတ်ကြီးရေ မင်းသမီးတစ်ယောက် မဟုတ်ပေမဲ့ လူငယ်ပရိတ်သတ်တွေ ကြားရေပန်းစားလူကြိုက်များနေတဲ့ Makeup Artist လေး ဟန်နာယူရီ ကိုတော့ ပရိတ်သတ်ကြီးချစ်ကြမယ်ထင်ပါတယ်။ကိုရီးယားမင်းသမီးလေးလား ထင်မှားလောက်အောင် ချစ်စရာဟန်ပန်လေးနဲ့သူမဟာ မိတ်ကပ်အတက်ပညာကို ထူးချွန်သူလေးဖြစ်သလို သူမရဲ့ဖက်ရှင်လေးတွေကလည်းအမြဲ ဖက်ရှင်ကျချစ်စရာကောင်းနေတာကြောင့် မိန်းကလေးပရိတ်သတ်အများစု အားကျနှစ်သက်နေရခြင်းဖြစ်ပါတယ်။  

သူမဟာ အနုပညာအလုပ်တွေ တောက်လျှောက်လုပ်နေတယ်လို့လည်းသိရပါတယ်။သူမရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်များကိုလည်း ဖေ့ဘွတ်ပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာလည်း ကာတွန်းကားလေးထဲက ဘာဘီအရုပ်မလေးလား ထင်မှတ်လောက်အောင်ကို ချစ်စရာကောင်းလွန်းနေတဲ့ ပုံရိပ်လေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။ချစ်စရာကောင်းတဲ့ မျက်ဝန်းလေးတွေနဲ့ အကြည့်လေးတွေကလည်း ပရိတ်သတ်ကို ဆွဲဆောင်ထားတာအမှန်ပဲဖြစ်ပါတယ်။ 

ဖက်ရှင်တွေ မိတ်ကပ် တီထွင်မှုအသစ်ဆန်းတွေနဲ့ အမြဲလှပနေတဲ့ သူမကိုတော့ မိန်းကလေးအများစု အားကျနှစ်သက်နေရတာပဲဖြစ်ပါတယ်။ဟန်နာယူရီကတော့ ဝါသနာပါတဲ့ မိတ်ကပ်ပညာကို ထိုင်းနိုင်ငံထိသွားရောက် သင်ကြားရာမှ အောင်မြင်နေတဲ့ မိတ်ကပ်အမျိုးသမီးတစ်ဦးအဖြစ် မိန်းကလေးတွေကြား နာမည်ကြီးလာခြင်းဖြစ်ပါတယ်။ချစ်ပရိတ်သတ်ကြီးလည်း သူမရဲ့ယဉ်ယဉ်လေးလှနေတဲ့ ပုံရိပ်လေးတွေကို ကြည့်ရူ့ပြီး ရှေ့ဆက် အနုပညာအလုပ်တွေကို ဆက်လက်အားပေးလိုက်ပါအုံးနော်။ 

Source:Hana Yuri

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။