တိုက်ဖွန်းမုန်တိုင်းဟာ တရုတ်နိုင်ငံရှေ့ပိုင်း ကျန်စုပြည်နယ်နဲံ အန်းဟွေပြည်နယ်မှာ တိုက်ခက်ခဲ့တာဖြစ်ပါတယ်။ဒီ တိုက်ဖွန်းမုန်တိုင်းတိုက်ခက်မှုကြောင့် သြဂုတ်လ ၁၃ရက်နေ့က စစ်တမ်းကောက်ယူချက်အရစီဟောင်မြို့ကရွာမှာ အိမ်ခြေ ၈၀၀ကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကြောင့်လည်း သစ်ပင် ၁၄၀၀ကျော်လည်း ပြိုကျခဲ့တာဖြစ်ပြီး ပြင်းထန်တဲ့ တိုက်ဖွန်းမုန်တိုင်းကြောင့်ကောက်ပဲသီးနှံစိုက်ခင်းတွေလည်း အများအပြားပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။အန်းဟွေပြည်နယ်က ဒေသခံတွေဟာမုန်တိုင်းတိုက်ခိုက်မှုဟာ ရုတ်တရက်ဖြစ်တာကြောင့် ပြင်ဆင်ချိန်မရခဲ့ရဘူးလို့သိရပါတယ်။

မုန်တိုင်းကြောင့် အသေအပျောက်အရှိသေးဘူးလို့လည်းသိရပါတယ်။သို့သော်လည်း လူ၄ဦးဆိုးဆိုးရွားရွားဒဏ်ရာရရှိခဲ့ပြီး ၁၁ဦးကတော့ အသေးစားဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါတယ်။ဒီတိုက်ခိုက်မှုဟာဒီနှစ်အတွင်း ၁၄ကြိမ်မြောက်တိုင်ဖွန်းမုန်တိုင်းဖြစ်တယ်လို့လည်းသိရပါတယ်။

သတင်းအရင်းအမြစ်-DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။