အာရှအားကစားဘောလုံးပြိုင်ပွဲရဲ့အုပ်စု(F)ရဲ့ပွဲစဉ်တွေကိုဒီနေ့မှာယှဉ်ပြိုင်ကစားခဲ့ပါတယ်။အုပ်စုရဲ့ဒုတိယပွဲစဉ်ဖြစ်တဲ့မြန်မာအသင်းနဲ့မြောက်ကိုရီးယားအသင်းတို့ဟာည၆:၃၀ကယှဉ်ပြိုင်ကစားခဲ့ပီးတစ်ဖက်၁ဂိုးစီနဲ့သရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာမြန်မာအသင်းကအဓိကကစားသမားအစုံအလင်နဲ့ပွဲထွက်လာခဲ့တာပါ။မောင်မောင်လွင်၊အောင်သူ၊ဇော်မင်းထွန်းစတဲ့အရင်ကမ္ဘာဖလားပြိုင်ပွဲဝင်ကစားသမားအများစုနဲ့ပွဲထွက်လာခဲ့တာပါ။အသင်းကြီးဖြစ်တဲ့မြောက်ကိုရီးယားအသင်းကလည်းလူစုံနဲ့ပွဲထုတ်လာပီးအသင်းကြီးပီပီပွဲစတည်းကတိုက်စစ်ဆင်ပေမယ်မြန်မာနောက်တန်းနဲ့ဂိုးသမားကြောင့်ဂိုးမရခဲ့ပါဘူး။မြန်မာအသင်းကတော့တန်ပြန်တိုက်စစ်နဲ့သာကစားခဲ့ပီးပွဲပီးခါနီး၄၅မိနစ်မှာပဲမောင်မောင်လွင်ရဲ့ဦးဆောင်ဂိုးနဲ့ဦးဆောင်နေခဲ့တာပါ။

ဒုတိယပိုင်းပွဲစချိန်မှာတော့မြောက်ကိုရီးယားအသင်းကတောက်လျောက်တိုက်စစ်မြှင့်တင်လာခဲ့ပီးဒုတိယပိုင်းမိနစ်၆၀လောက်မှာတော့မြန်မာအသင်းနောက်တန်းရှင်းထုတ်ပုံမသေချာကနေပီးခြေပဂိုးရသွားတာဖြစ်ပါတယ်။ဒီပွဲမှာနှစ်သင်းလုံးကအကောင်းဆုံးကြိုးစားပီးသရေတစ်မှတ်ရရှိခဲ့တာဖြစ်ပါတယ်။အကောင်းဆုံးကြိုးစားသွားတဲ့မြန်မာအသင်းရဲ့ပုံရိပ်တွေတင်ပေးလိုက်ကပြီးအားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။