မကြာသေးမီက အမိမြေကို ပြန်လည်ရောက်ရှိလာတဲ့ ပရိသတ်အချစ်တော်အောင်လအန်ဆန်းတစ်ယောက်ကတော့ လက်ရှိမိသားစုရှိရာသို့ ပြန်သွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ပြည်တွင်း အထင်ကရဒေသများစွာနှင့်အတူ အမိမြေဖွား ညီအကိုမောင်နှမများစွာနှင့်အတူ ပျော်ရွှင်စရာနေ့ရက်တွေကို ဖြတ်သန်းခဲ့ပြီး အဒေါ်ဖြစ်သူရဲ့ နာရေးကိုလည်း ကိုယ်တိုင်ပို့ဆောင်နိုင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။  

ကျန်ရစ်သူမိသားစုနှင့်အတူ ပျော်ရွှင်စရာတွေဖန်တီးပေးခဲ့ပြီး လက်ရှိမိသားစုရာ အမေရီကန်နိုင်ငံကို ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရပါတယ်။ အောင်လချစ်ပရိသတ်တွေကိုလည်း နှုတ်ဆက်စကားများပြောကြားခဲ့ပြီး မကြာမီဆက်လက်ယှဉ်ပြိုင်သွားမည့် One Championship ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်ရတော့မှာဖြစ်ကြောင်း ပြောကြားခဲ့တာတွေ့ရပါတယ်။  

အမိမြေမှာ ညီအကိုမောင်နှမများရဲ့ အားပေးချစ်ခင်မှုနှင့်အတူ အောင်လတစ်ယောက်ကတော့ မတူညီတဲ့ ဝိတ်တန်းနှစ်ခုရဲ့ ချန်ပီယံတစ်ဦးအဖြစ် ဆက်လက်ရပ်တည်နေသွားအုန်းမှာဖြစ်ကြောင်း သိရပါတယ်။ မကြာမီယှဉ်ပြိုင်မည့် ခါးပတ်ကာကွယ်ပွဲအတွက် အားအင်တွေစုဆောင်းရင်း အနားယူဖို့အတွက် အောင်လတစ်ယောက်ကတော့ လက်ရှိမိသားစုရှိရာသို့ သွားရောက်နေပြီပဲဖြစ်ပါတယ်။ အဆက်မပျက်ကြိုးစားနေတဲ့ အောင်လတစ်ယောက်ကို အတူတူအားပေးရင်း အောင်လရဲ့ ကြိုးစားမှုကို ဂုဏ်ပြုလိုက်ကြရအောင်နော်။

Photos - Aung La Nsang

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။