မကြာသေးခင်က ဖြိုးမြတ်အောင်တစ်ယောက် Live လွှင့်ရင်း သရဲအခြောက်ခံရတဲ့ ဖြစ်ရပ်က သူ့ရဲ့ ပရိသတ်တွေကို စိုးရိမ်စေခဲ့ပါတယ်။စကားတွေ ထစ်ငေါ့ထစ်ငေါ့နဲ့ " ကျွန်တော့နောက်မှာ အရိပ်တစ်ခုဖြတ်သွားတယ် ။ တွေ့မိကြလား မသိဘူး " ဆိုပြီးပရိတ်သတ်တွေကို ပြန်မေးပြီး မျက်နှာပျက်နေခဲ့ပါတယ် ။အဲဒီနေရာကလည်း သူတစ်ယောက်ထဲပဲနေတာမို့ ဘယ်သူမှမရှိလို့ ပိုကြောက်သွားပုံပါ ။ အဲဒီနောက်မှာတော့ ဘာထူးခြားမှုမှရှာမတွေ့တာမို့ ဂစ်တာပြန်ကိုင် သီချင်းပြန်ဆိုပေးခဲ့ပြီး ခဏအကြာမှာတော့ တံခါးကိုလက်နဲ့ရိုက်သံတွေက တိုးတိုးကနေ တစ်ဖြည်းဖြည်း ကျယ်လောင်လာတာကို အားလုံးကြားလိုက်ရပါတယ် ။

ခနအကြာမှာ တော့ ဖြိုးမြတ်အောင်က ပရိသတ်တွေကို Live လွှင့် တာဟာ သူငယ်ချင်းတွေက စနောက်တာ သာ ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ် ။ ဖြိုးမြတ်အောင်က သူ့ရဲ့ သရဲကြောက်တတ်တဲ့ စိတ်ကလေးကြောင့် အခွင့်အလမ်းတစ်ခုကို ရရှိသွားခဲ့ပါပြီ ။ဒီအခွင့်အလမ်းလေး ဘာလဲဆိုတာ ပရိသတ်ကြီး ယုံတောင် ယုံချင်မယ် မထင်ဘူးနော်။

မကြာခင်မှာ ရုံတင်ပြသတော့ မယ့် နာနာဘာဝချစ်သူရုပ်ရှင်ဇာတ်ကားကြီး ရဲ့ ကြော်ငြာ ကို ရိုက်ကူးခွင့်ရလိုက်ခြင်းဘဲဖြစ်ပါတယ်။ ေြက်ာငြာထဲမှာ Live လွှင့်ရင်း သရဲအခြောက်ခံခဲ့ရတဲ့ မြင်ကွင်းအစအဆုံးကို ဇာတ်အိမ်တည်ရိုက်ကူးထားပြီး နာမည်ကျော် မင်းသမီးတွေဖြစ်ကြတဲ့ မေမြင့်မိုရ် နှင့် ထက်ထက်ထွန်းတို့ ပါဝင်သရုပ်ဆောင်ပေးထားတာပါ ။ ဖြိုးမြတ်အောင် တော့ ကြော်ငြာတွေကို လည်း သရုပ်ဆောင်တတ်တာကိုတွေ့ရပါသေးတယ် ။ပရိသတ်ကြီးအတွက် ဖြိုးမြတ်အောင် သရဲအခြောက်ခံရတဲ့ ဗီဒီယို နဲ့ ရုပ်ရှင်ကြော်ငြာလေးကို ပရိသတ်တွေအတွက် ဦးဦးဖျားဖျား တင်ဆက်ပေးလိုက်ပါတယ်..... မှတ်ချက်ပေးဖို့ မမေ့နဲ့နော်။

Source - နာနာဘာဝချစ်သူရုပ်ရှင်ဇာတ်ကားကြီး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။