သရုပ်ဆောင်နေတိုးနဲ့အောင်မင်းခန့်ကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းသရုပ်ဆောင်တွေဖြစ်ပြီး ပီပြင်လှတဲ့သရုပ်ဆောင်ချက်တွေ ချစ်စရာအိုင်တင်လေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်တော်သရုပ်ဆောင်နှစ်ယောက်ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ယောကျာ်းပီသတဲ့ စတိုင်တွေ မိန်းကလေးတွေရဲ့အသည်းကိုကြွေကျစေလောက်တဲ့ ချစ်စရာအပြုံးလေးတွေကြောင့် မိန်းကလေးတွေရဲ့အသည်းကျော်ကိုကိုနှစ်ယောက်လဲဖြစ်ပါတယ်။ 

ယနေ့မှာတော့ အောင်မင်းခန့်က " မနေ့ညက လေယာဉ်Bird strike ဖြစ်လို့ ပုဂံမှာနောက်တရက်ထပ်နေခဲ့ ရတဲ့ကျနော်တို့ညီကိုနှစ်ယောက် ခုမနက်မှစီးပီးပြန်လာခဲ့ရတယ် " လို့ပြောထားပါတယ်။ အောင်မင်းခန့်နဲ့ နေတိုးတို့ကတော့ ကိစ္စတစ်ခုနဲ့ ပုဂံကိုရောက်ရှိနေတာဖြစ်ပြီး မနေ့က လေယာဉ်Bird strike ဖြစ်လို့ ပုဂံမှာနောက်တရက်ထပ်နေခဲ့ရပါတယ်။ 

ပရိသတ်တွေကတော့ စိုးရိမ်တစ်ကြီးနဲ့ လမ်းခရီးအဆင်ပြေချောမွေ့ပါစေလို့ဆုတောင်းပေးနေခဲ့ရပြီး ယနေ့မှာတော့ အဆင်ပြေပြေနဲ့ ရန်ကုန်ကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ပရိသတ်အသည်းကျော်လေးနှစ်ယောက်ဖြစ်တဲ့ သူတိုနှစ်ယောက်ကို အခုလို အတူတူတွေ့လိုက်ရတာက ပရိသတ်တွေကို အချစ်ပိုစေခဲ့ပါတယ်။ ချစ်ပရိသတ်ကြီးအတွက် နေတိုးနဲ့ အောင်မင်းခန့်တို့ရဲ့ ပုဂံကနေ တူတူပြန်လာတဲ့ ချစ်စရာပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

SOURCE: AUNGMINKHANT 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။