အာဖဂန်နစ္စတန်နိုင်ငံ၊ မြို့တော် ကာဘူးလ် မှာရှိတဲ့ ပညာရေးစင်တာ တခုက စာသင်ကြားနေတဲ့ အခန်းထဲကို အသေခံဗုံးခွဲသမားကဝင်ရောက်ပြီး အသေခံဗုံးခွဲမှုတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။

၎င်းအသေခံဗုံးခွဲသမားကတော့ စာသင်ခန်းထဲ ဝင်ရောက်ပြီး သူရဲ့ခါးမှာ ပတ်ထားတဲ့ အသေခံဗုံးကို စနက်တံဖြုတ် ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။

အခုလိုတိုက်ခိုက်မှုကြောင့် ကျောင်းသား၊ ကျောင်းသူတွေ အပါအဝင် လူ အနည်းဆုံး ၄၈ ဦး သေဆုံးပြီး ၆၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

သေဆုံးသူ အများစုဟာ ဆယ်ကျော်သက်အရွယ်တွေဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် ပြင်ပ အလွတ်စာသင်ကျောင်း မှာ လာတက်နေကြသူတွေ ပဲဖြစ်ပါတယ်။  

ထိုအဖြစ်အပျက်ကို ကိုယ်တိုင်တွေ့မြင်ခဲ့ရတဲ့ မျက်မြင်သက်သေတစ်ဦးဟာဆိုရင်လည်း 'တကယ့်ကို ထိန့်လန့်စရာ မြင်ကွင်းပါ၊ ခန္ဓာကိုယ် အပိုင်းအစတွေ နဲ့ ပစ္စည်းတွေ တစစီ ပြန့်ကျဲနေတာ' ဆိုပြီးပြောကြားထားပါတယ်။

ကျောင်းသားကျောင်းသူတွေအတွက်တော့ ဒီအဖြစ်အပျက်ကြီးက စာသင်နေရင်းရောက်ရှိလာတဲ့ တကယ့်ကိုကံကြမာဆိုးကြီးတစ်ခုလိုပါပဲ။

source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။