ထိုင်းနိုင်ငံက မူလတန်းကလေးငယ် ၅ ဦးပါဝင်တဲ့ အကအဖွဲ့ကတော့ အမေရိကန်နိုင်ငံမှာကျင်းပတဲ့ ဟစ်ပ်ဟော့ပ်အကပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံဆုကြီးကို ဆွတ်ခူးခဲ့တယ်လို့သိရပါတယ်။သူတို့ကတော့ ထိုင်းနိုင်ငံ ဘူရီယမ်ခရိုင်ရှိ သော့ဆဖွန်ဝစ်ထရာ မူလတန်းကျောင်းက ကျောင်းသားလေးတွေ ဖြစ်ကြပြီး ပြီးခဲ့တဲ့သြဂုတ် ၅ ရက်နေ့ကကျင်းပတဲ့ ကမ္ဘာ့ဟစ်ပ်ဟော့ပ် အကချန်ပီယံပြိုင်ပွဲမှာ အငယ်တန်းချန်ပီယံဆုရရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။ကျောင်းသားလေးတွေကတော့ အသက် ၇ နှစ်ကနေ ၁၂ နှစ်ကြား ပြိုင်ပွဲမှာ ခုလို ဆုရရှိခဲ့တာဖြစ်တယ်လို့ ကျောင်းဒါရိုက်တာ ဆောင်ကရန်ပန်ဖီနစ်ကပြောပါတယ်။

အဆိုပါ ပြိုင်ပွဲကိုတော့ အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့မှာ ကျင်းပတာဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၅၀ က ပြိုင်ပွဲဝင် ဟစ်ပ်ဟော့ပ်အဖွဲ့တွေပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ကမ္ဘာ့ဟစ်ပ်ဟော့ပ် အကချန်ပီယံပြိုင်ပွဲကတော့ သြဂုတ် ၅ ရက်နေ့ကနေ ၁၁ ရက်နေ့ထိကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။“ကျနော်တို့ မျှော်လင့်ထားတာထက် သူတို့ ပိုကောင်းခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က ကလေးတွေကို အတွေ့အကြုံ ယူနိုင်ရုံပဲ ရည်ရွယ်ထားခဲ့ကြတာမို့ပါ” လို့ ဆောင်ကရန်က ပြောပါတယ်။

ထိုင်းနိုင်ငံဂုဏ်ဆောင်ခဲ့တဲ့ အသစ်စက်စက် ချန်ပီယံ ဟစ်ပ်ဟော့ပ်ကလေးငယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်နေ့မှာ ထိုင်းနိုင်ငံကို ပြန်ရောက်လာခဲ့ကြပြီး သုဝဏ္ဏဘူမိလေဆိပ်မှာ ပရိသတ်တွေက ကြိုဆိုခဲ့ကြတာပဲဖြစ်ပါတယ်ပါတယ်။ ကျောင်းဒါရိုက်တာဆောင်ကရန်ကတော့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ကလေးငယ်တွေကို ဘတ် ၅ သောင်းစီ စကောလားရှစ် ပညာသင်ဆုတွေ ချီးမြှင့်သွားမယ်လို့သိရပါတယ်။

သတင်းအရင်းအမြစ် - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။