ပရိသတ်ကြီးရေ လူငယ်အဆိုတော် အာဘွိုင်းကတော့ "ဒုတိယလူ" ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ထဲနဲ့ လူသိများအောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။ တရုတ်မင်းသားတစ်ဦးလို ချောမောတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့အပြင် ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။ အာဘွိုင်းက မော်ဒယ်၊သရုပ်ဆောင်မလေး မြတ်ရတနာကျော်နဲ့ ပြီးခဲ့တဲ့နှစ်ကမှ လက်ထပ်ခဲ့ပြီး ယခုအချိန်မှာတော့ ရတနာက ကိုယ်ဝန်ဆောင်နေရပြီ ဖြစ်ပါတယ်။

အာဘွိုင်းက သီချင်းတွေကို ကိုယ်တိုင်ရေးစပ် ထုတ်လုပ်တဲ့အပြင် သူရဲ့တစ်နေ့တာလှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေကို ဝေမျှပေးလေ့ရှိပါတယ်။ အခုလည်း အာဘွိုင်းက ကိုယ်ဝန်ဆောင်နေရတဲ့ ချစ်ဇနီးလေးအတွက် စာလေးတစ်စောင်ကို သူရဲ့ Facebook စာမျက်နှာမှာ တင်ထားတာ တွေ့ရပါတယ်။ ယခုအချိန်မှာ ဒေါ်လာဈေးတွေက အဆမတန် မြင့်တက်နေတာကြောင့် ချစ်ဇနီးရဲ့လိုချင်ဆန္ဒတွေကိုထိန်းဖို့ ပြောထားတာပဲ ဖြစ်ပါတယ်။

အာဘွိုင်းက "ကဲ... ချစ်ဇနီးလေး Myat Yadanar Kyaw ရေ…ဒေါ်လာဈေးဟာ ၁၅၀၀ ကျော်သွားပါပြီ။ ထို့ကြောင့် ဘာအိတ်လေးလှတယ်… ညာအိတ်လေးကြိုက်တယ်ကို ဒီတလောမပြောပါနဲ့။ ဆန္ဒကို ဒေါ်လာဈေးကြည့်ပြီး ထိန်းပါ။ ပုံ / မြန်မာကျပ်ငွေဖြင့်သာ လစာရသော ယူ့ယောက်ျား" ဆိုတဲ့ စကားကို ချစ်ဇနီးထံ အမှာပါးလိုက်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်ကြီးလည်း ပူဆာတတ်တဲ့ ချစ်သူရှိရင် ဒေါ်လာဈေးကိုကြည့်ဖို့ သတိပေးလိုက်ကြဦးနော်။

Source: Kyaw Phyo Yun ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။