ပရိသတ်ကြီးရေ ကိုလူချောလေး ညိမ်းသော်ကတော့ ကိုရီးယားမင်းသား လီမင်ဟိုနဲ့ အထင်မှားရလောက်အောင် ချောမောလွန်းတာကြောင့် ပျိုမေတွေရဲ့ အသည်းကျော်တစ်ဦး ဖြစ်နေရသူပဲ ဖြစ်ပါတယ်။ အရပ်ရှည်ရှည်၊ အသားဖြူဖြူနဲ့ ယောက်ျားပီသတဲ့ ခန္ဓာကိုယ်အချိုးအစားတွေကလည်း ပရိသတ်တော်တော်များများရဲ့ စိတ်ဝင်စားအားပေးခြင်းကို ရရှိထားစေတာ ဖြစ်ပါတယ်။ လတ်တလောမှာ ညိမ်းသော်က ရုပ်ရှင်နဲ့ ကြော်ငြာတွေ ရိုက်ကူးနေရသလို ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်နေတာ တွေ့ရပါတယ်။

အမြဲစတိုင်ကျပြီး လန်းနေတတ်တဲ့ ညိမ်းသော်က အခုလည်း အမိုက်စားဆံပင် ကာလာအသစ်ကို ပြောင်းလဲလိုက်ပြီး ဒီဇိုင်နာ SANDARရဲ့ ဝတ်စုံနဲ့ ပွဲတက်လာခဲ့ပါတယ်။ ညိမ်းသော်က သြဂုတ်လ ၁၆ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ JOOX Myanmar ပွဲကို အစိမ်းရောင်ဝတ်စုံအပြည့်နဲ့ ပွဲတက်ခဲ့ပြီး ပရိသတ်တွေအားလုံးရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒီပွဲလေးကို အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပြီး နာမည်ကျော်အဆိုတော်တွေက တင်ဆက်ဖျော်ဖြေခဲ့ပါတယ်။

ညိမ်းသော်က "မနေ့က JOOX ပွဲရောက် အမှတ်တရ အခုတော့ Mornee ပေါ့ဗျာ နော့ " ဆိုတဲ့ စာသားလေးနဲ့မတူ မနေ့ညက ပွဲတက်ပုံရိပ်လေးတွေကို ဒီနေ့မနက်မှာတင်ရင်း ပရိသတ်တွေကို နှုတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဖက်ရှင်မော်ဒယ်တစ်ဦးဖြစ်တဲ့ ညိမ်းသော်က လက်ရှိမှာတော့ Photo Shooting တွေ ဆက်တိုက်ရိုက်ကူးနေရတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ညိမ်းသော်ရဲ့ အလန်းစားဖက်ရှင်ပုံရိပ်လေးတွေကို တင်ဆက်လေးလိုက်ပါတယ်နော်။

Source: Nyein Thaw ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။