ပရိသတ်ကြီးရေ အဆိုတော် အားတီကတော့ Hip Hop , Pop နဲ့ R&B အဆိုတော်တစ်ဦးဖြစ်ပြီး လူငယ်ပရိသတ်တွေကြား ရေပန်းစားအောင်မြင်နေသူ ဖြစ်ပါတယ်။ သီချင်းတွေကို ကိုယ်တိုင်ရေးစပ်သီဆိုလေ့ရှိသလို သီချင်းဗီဒီယို အမိုက်စားလေးတွေကိုလည်း ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရိုက်ကူးဖန်တီးလေ့ရှိပါတယ်။ မနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ZOOX Myanmar ရဲ့ ပွဲလေးမှာလည်း အားတီက အနုပညာရှင်တွေနဲ့အတူ တက်ရောက်ခဲ့ပြီး သီချင်းတွေနဲ့လည်း ပါဝင်ဖျော်ဖြေခဲ့ရပါတယ်။

မိတ်ကပ်ညီညီမောင်(စမ်းချောင်း) ကတော့ သူမရဲ့ဟာအလွဲလေးတွေကြောင့် လူကြိုက်များ အောင်မြင်သူတစ်ဦးဖြစ်ပါတယ်။ နယ်ပယ်တစ်ခုစီမှာ အောင်မြင်နေတဲ့ သူတို့ နှစ်ဦးဟာ သူငယ်ချင်းတွေလို ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြသူတွေ ဖြစ်ပါတယ်။ အခုလည်း အားတီက သုသုနေ့တိုင်းတင်လေ့ရှိတဲ့ "သုသု မနက်တိုင်းရွတ်ဖတ်ပူဇော်ပါတယ် " သရဏဂုံ " " ဆိုတဲ့ ပို့စ်လေးတစ်ခုကို Share ထားပြီး ဒီပို့စ်လေးက သူ့အတွက်တော့ ဘုရားစာရွတ်ဆိုဖို့ သတိပေးတဲ့စာလေးဖြစ်ကြောင်း ပြောထားတာ တွေ့ရပါတယ်။

အားတီက "မလိမ်ဘူး ... မနက်တိုင်း သုသု တင်တဲ့ ဒီ post လေးက ကိုယ့်ကို သရဏဂုံ ရွှတ်ဖတ်ပူဇော်ဖို့ သတိပေးတဲ့ အရာလေးဖြစ်လာတယ် Nyi Maung thank you " ဆိုတဲ့စာသားလေးနဲ့အတူ သုသုကိုကျေးဇူးတင်မိကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ သုသုကတော့ နေ့စဉ်မနက်တိုင်းမှာ " သရဏဂုံ " ဘုရားစာကို ရွတ်ဖတ်ကြောင်း ရေးပြီးတင်လေ့ရှိပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အားတီကို သတိပေးနေတဲ့ သုသုရဲ့ပို့စ်လေးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

Source: Nyi Nyi Maung & Thi Ha Tun ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။