အိန္ဒိယနိုင်ငံ မဟာရဌ ပြည်နယ်အနောက်ပိုင်းမှာနေထိုင်တဲ့ မိန်းကလေးတစ်ယောက်ကတော့ သူမရဲ့ဆိတ်ကို ဝင်ဆွဲတဲ့ ကျားကို ပြန်လည်ခုခံတိုက်ခိုက်ခဲ့တဲ့အတွက် မသေမပျောက်ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါတယ်။ ရူပါလီ မာရှရမ်ဟာ သူမရဲ့ခြံထဲမှာ ရှိနေတဲ့ဆိတ်ကို ဝင်ဆွဲတဲ့ ကျားနောက်ကိုပြေးလိုက်လာ တုတ်နဲ့ရိုက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျားကလည်း သူမကို ပြန်လည်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။  

သူမရဲ့အမေကတော့ ကျားနဲ့သူတဖန်ကိုယ်တဖန် ပြန်လည်တိုက်ခိုက်နေတဲ့သမီးကိုတော့ မရမကအတင်းဝင်ကယ်ခဲ့တဲ့အတွက် မာရှရှမ်ဟာ အသက်တော့မသေဆုံးခဲ့ပေမယ့် ဒဏ်ရာတွေတော့များစွာရရှိခဲ့ပါတယ်။ မာရှရမ်ဟာ ခေါင်း၊ ခါး ၊ခြေနဲ့လက် စုံနေအောင် ဒဏ်ရာတွေရရှိခဲ့ပေမယ့် အပေါ်ယံဒဏ်ရာတွေပဲဖြစ်တာကြောင့် ယခုအချိန်မှာတော့ သက်သာနေပြီလို့လဲသိရပါတယ်။ သို့ပေမယ့် ခေါင်းမှာရရှိခဲ့တဲ့ ဒဏ်ရာကတော့ စီတီစကန်ရိုက်ပြီး စောင်ကြည့်ဆဲဖြစ်တယ်လို့လဲသိရပါတယ်။

ယောကျာၤးအရင့်အမာကြီးတွေတောင် မြင်တာနဲ့ကြောက်လန့်တတ်ကြတဲ့ ကျားဆိုတဲ့သတ္တဝါကြီးကို လက်နက်မပါဘဲ ပြန်လည်တိုက်ခိုက်ရဲတဲ့ သူမရဲ့သတ္တိကတော့ မချီးကျူးဘဲ မနေနိုင်လောက်ပါဘူး။ 

မာရှရှမ်ကတော့ ကျားကုတ်ခံရပြီးပြီးချင်းအချိန်မှာတင် သွေးများစွာပေကြံနေတဲ့ သူမရဲ့မျက်နှာကို ဆယ်ဖီဓတ်ပုံရိုက်ကာ မှတ်တမ်းတင်ထားခဲ့တယ်လို့လဲသိရပါတယ်။ လူအများစုကတော့ သူမကို သတ္တိကောင်းလှတဲ့ မိန်းကလေးဆိုပြီးဝိုင်းဝန်းချီးမွမ်းနေပေမယ့် ကျားကိုက်သတ်တာမခံရတာကတော့ ကံကောင်းလွန်းလှပါတယ်။ မိန်းကလေးတစ်ဦးဆိုပေမယ့် သူမရဲ့ ရဲစွမ်းသတ္တိရှိပုံကတော့ လေးစားစရာကောင်းလှသလို တိရိစ္ဆာန်လေးတစ်ကောင်ကို ကယ်တင်ခြင်တဲ့စိတ်နဲ့ အခုလို ကျားနဲ့တိုက်ခိုက်ရဲတဲ့ သူမရဲ့ စိတ်ဓာတ်လေးကတော့ မလေးစားဘဲမနေနိုင်လောက်ပါဘူး။ 

SOURCE - DAILY MAIL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။