လက်ရှိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်နေသွားမည့် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးကို ပြည်တွင်းမြန်မာ့လက်ဝှေ့ဖိုက်တာများနှင့်အတူ ကမ္ဘာ့နိုင်ငံများစွာက ဖိုက်တာများစွာလာရောက်ယှဉ်ပြိုင်နေတာတွေ့ရပါတယ်။ အဆိုပါ ပြိုင်ပွဲကို ပြည်တွင်းအထက်တန်းလက်ဝှေ့ကျော်များစွာနှင့်အတူ ချန်ပီယံကြီးများလည်း ပါဝင်ထိုးသတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။  

အဆိုပါ မြန်မာ့လက်ဝှေ့ချန်ပီယံတွေထဲမှာ ပရိသတ်အချစ်တော် ကနေဒါနိုင်ငံသား မြန်မာ့လက်ဝှေ့ချန်ပီယံဒေဝလည်း ပါဝင်ထိုးသတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ပြိုင်ပွဲတွင် ဒေဝကတော့ ထိုင်းလက်ဝှေ့ချန်ပီယံတစ်ဦးဖြစ်တဲ့ ဒီစဲလက်နှင့် ထိုးသတ်သွားမှာဖြစ်ပြီး လက်ရှိ ထိုင်းဖိုက်တာတွေကို အနိုင်ယူနေတဲ့ မြန်မာ့လကေ်ဝှ့နည်းတစ်မျိုးကိုပိုမိုလေ့ကျင့်နေကြောင်း သိရပါတယ်။  

အဆိုပါ လေ့ကျင့်မှုကတော့ ခေါင်းတိုက်ခြင်းဗီဒီယိုဖိုင်လေးပဲဖြစ်ပြီး မြန်မာ့လက်ဝှေ့ရဲ့ အထင်ရှားဆုံးနှင့် ထိုင်းလက်ဝှေ့ဖိုက်တာတွေရဲ့ အကြောက်ရဆုံးနည်းတစ်ခုပဲဖြစ်ပါတယ်။ ထိုင်းလက်ဝှေ့မှ ဆင်းသတ်လာတဲ့ ဒေဝအတွက် အကောင်းဆုံးလေ့ကျင့်မှု ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် ပြသလိုက်ပါတယ်။ အောင်မြင်မှုတွေနဲ့အတူ နိုင်ငံဂုဏ်ဆောင်အားကစားသမားတစ်ယောက်အဖြစ်ခံယူနိုင်မလားဆိုတာကတော့ ဒေဝရဲ့ ကြိုးစားမှုအပေါ်ပဲမှုတည်လျှက်ရှိပါတယ်။

Photos - Dave

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။