ဒီနေ့ညနေ၆နာရီခွဲမှာတော့အာရှအားကစားဘောလုံးပြိုင်ပွဲအုပ်စု(F)ရဲ့ဒုတိယမြောက်ပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ဆော်ဒီအသင်းတို့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ဒီနေ့ပွဲမှာလဲ မြန်မာအသင်းအနေနဲ့ မြောက်ကိုးရီယားနဲ့ပွဲတုန်းကလို အံအားသင့်စရာပုံစံတွေ နည်းစနစ်အသစ်တွေနဲ့ပွဲထွက်လာမှာသေချာနေပါတယ်။ မြန်မာအသင်းအနေနဲ့ ဒီနေ့ပွဲမှာသာ အနိုင်ရရှိခဲ့ပါက အုပ်စုကနေ ကျွတ်ဖို့ များနေပါတယ်။  

မြန်မာအသင်းနဲ့ ဆော်ဒီအသင်းတို့ဟာကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ မြန်မာက အဆင့် ၁၃၈ ဆော်ဒီက အဆင့် ၇၀ရပ်တည်နေတာကြောင့် မြန်မာအသင်းအနေနဲ့ ရေကုန်ရေကမ်း ကစားရမှာလဲဖြစ်ပါတယ်။ ဒီပွဲမှာနှစ်သင်းလုံးအတွက်အနိုင်ရဖို့လိုအပ်နေတာဖြစ်ပါတယ်။နှစ်သင်းလုံးဟာသရေတစ်မှတ်စီရထားပီးအုပ်စု တက်ဖို့အတွက်ဒီပွဲကိုအနိုင်ရမှဖြစ်မှာပါ။

မြန်မာအသင်းကတော့ မြောက်ကိုးရီးယားကိုတောင် သရေကစားထားတာကြောင့် ယနေ့မှာလဲ ရေကုန်ရေခမ်းရှိသမျှအားတွေနဲ့ ကစားဖို့တော့ ရှိနေပါတယ်။မြန်မာအသင်းရဲ့ ပရိသတ်တွေကတော့ ရှုံးရှုံးနိုင်နိုင် မြန်မာအသင်းကိုအားပေးဖို့တော့ အဆင်သင့်ဖြစ်နေပါပြီ။ မကြာခင်မှာကစားတော့မဲ့ပွဲအတွက် မြန်မာအသင်းနဲ့မြောက်ကိုရီးယားအသင်းတို့ပွဲကို တခဲနက်အားပေးလိုက်ရအောင်လားခင်ဗျာ။  

SOURCE: MFF 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။