ချစ်စရာကောင်းတဲ့အမူအရာလေးတွေနဲ့ ပရိသတ်တွေရဲ့အချစ်တွေကို အမြဲလိုလိုသိမ်းပိုက် ထားသူက တော့ အကယ်ဒမီစိုးပြည့်သဇင်ပဲဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ပိုင်းမှာတင် မက အဆိုပိုင်းမှာပါ ဝါသနာပါသူမို့ သူမရဲ့အမိုက်စားသံစဉ်တွေကို တေးစီးရီးတစ်ခုအဖြစ်နဲ့ ပရိသတ်တွေထံ အရောက်ပို့ ထားသူလည်းဖြစ်ပါတယ်။

အနုပညာလောကမှာ အောင်မြင်တဲ့မင်းသမီးတစ်လက်အဖြစ်နဲ့ ရပ်တည်နေတာ အချိန် အတော်ကြာ ခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိလည်း သူမကိုအားပေးချစ်ခင်တဲ့ပရိသတ်တွေ အများအပြားပါပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က သာသနာ့ဘောင်ကိုမိခင်နဲ့အတူတူဝင်ခဲ့ပြီး မကြာသေးခင်ကမှ သီလရှင် လူထွက်ထွက်ထားတာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ သူမက ဇွဲထက်စိန်ရွှေရတနာဆိုင်ရဲ့ မန္တလေးဆိုင်ခွဲဖွင့်ပွဲကို တက် ရောက်ခဲ့တာ ဖြစ်ပါတယ်။ ခရမ်းရောင်ဝတ်စုံလေးက သူမနဲ့အရမ်းကိုလိုက်ဖက်ပြီး စိုးပြည့် တစ်ယောက် ပွဲမှာ ဘိုမရုပ်လေးတစ်ရုပ်လို ကြွကြွရွရွနဲ့ ချစ်စရာကောင်းလွန်းနေပါတယ်။ အသည်းယားချင်စဖွယ် စိုးပြည့်ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက် ပါတယ်နော်။

Photo - Soe Pyae Thazin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။