မကြာသေးခင်ကမှ Miss Golden Land Myanmar 2018 သရဖူကြီးကိုထပ်မံသိမ်းပိုက်ရရှိလိုက်တဲ့ အလှမယ်ရွှေအိမ်စည်ကတော့မြန်မာနိုင်ငံရဲ့နာမည်ကြီးMiss တစ်ယောက်အဖြစ်ပရိသတ်တွေအား ပေးနေရတဲ့သူလေးပဲဖြစ်ပါတယ်။သူမကတော့အမြဲကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ဆွဲဆောင်မှုရှိတဲ့အလှပိုင်ရှင်လေးပဲ ဖြစ်ပါတယ်။

သူမအနေနဲ့အခုလို Miss Golden Land Myanmar 2018ပွဲကြီးမှာ သရဖူရရှိခဲ့တဲ့အတွက် အရမ်းလည်းဝမ်းသာပျော်ရွှင်နေသလို သူမကိုဝန်းရံအားပေးခဲ့ကြတဲ့ပရိသတ်တွေကိုလည်းကျေးဇူးတင်နေ တာပဲဖြစ်ပါတယ်။ဒီနေ့မှာတစ်တက်တစ်အား ဝန်းရံပေးခဲ့ကြတဲ့ ချစ်ရတဲ့ပရိသတ်ကြီးအားလုံးကို မေတ္တာပို့ဆုတောင်းစကားလေးတွေနဲ့ ကျေးဇူးဆပ်လိုက်ပြန်ပါတယ်။

သူမကတော့ "ဆက်တိုုက်အားပေးနေတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ် အားလုံးစိတ်ချမ်းသာပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်"ဆိုတဲ့စာလေးနဲ့အတူ ပရိသတ်ကြီးကိုကျေးဇူးတင်စကားလေးနဲ့ မေတ္တာတရားလေး တန်ပြန်သက်ရောက်စေခဲ့တာပဲဖြစ်ပါတယ်။ခန္ဓာကိုယ်အချိုးအစား ဗဟုသုတ ဆွဲဆောင်မှုရှိတဲ့အလှ အားလူံးကိုပိုင်ဆိုင်ထပြီးအစစအရာရာပြောစရာမရှိတဲ့သူမကတော့ Miss Golden Land Myanmar 2018 ပွဲကြီးမှာတကယ့်ကိုသရဖူနဲ့ထိုက် တန်သူလေးပဲဖြစ်ပါတယ်နော်။အားပေးခဲ့တဲ့ပရိသတ်တွေအားလုံးလည်း အားပေးရကျိုးနပ်ခဲ့ကြလို့ ကျေနပ်ကြမယ်ထင်ပါတယ်။

သတင်းအရင်းအမြစ် - ရွှေအိမ်စည်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။