၃၁။မီးခြစ်ဆံ မပေါ်မီ မီးခြစ်ကို တီထွင်ခဲ့သည်။

၃၂။ဘယ်သန်များသည် ညာသန်သူများထက် ပျမ်းမျှအားဖြင့် ၇ နှစ် အသက်တိုလေ့ရှိသည်။

၃၃။သာမာန်လူတစ်ယောက်သည် တစ်သက်တာ အတွင်းအိပ်မက် ၁၄၆၀ ခန့် မက်သည်။

၃၄။မိုးရေစက်ကို မြန်နှုန်းမြင့် ကင်မရာများဖြင့် ရိုက်ကူးကြည့်ရာ မျက်ရည်စက်နှင့် မတူဘဲ ဟန်ဘာဂါနှင့် တူညီနေသည် ကို တွေ့ရသည်။

၃၅။ ပထမဆုံး အင်တာနက်ဒိုမိန်း အမည်မှာ Symbolic.com ဖြစ်ပြီး ၁၉၈၅ ခုနှစ် မတ်လ ၁၅ ရက်တွင် မှတ်ပုံတင်ခဲ့သည်။

၃၆။ ၁၈၇၆ ခုနှစ်တွင် ဂရေဟမ်ဘဲလ်က တယ်လီဖုန်းကိုတီထွင်ခဲ့ရာတွင် ပထမဆုံးလအတွင်း တယ်လီဖုန်း ခြောက်လုံးသာ ရောင်းချခဲ့ရသည်။

၃၇။ ရုံးများ၏ စာရွက်စာတမ်း ၇၅ ရာခိုင်နှုန်းခန့်သည် ပျောက်ဆုံးမြဲပင်ဖြစ်သည်။

၃၈။Business.com အမည်သည်လက်ရှိအချိန်တွင်ဈေအကြီးဆုံး ဒိုမိန်းဖြစ်ပြီး ဒေါ်လာ ၇ ဒသမ ၅ သန်းဖြင့် ရောင်းချခဲ့ရသည်။

၃၉။ ၂၀၀၁ ခုနှစ်က တန်ဘိုးအမြင့်ဆုံး ကုန်အမှတ်တံဆိပ် ငါးမျိုးမှာ Coca-Cola, Microsoft, IBM, GE နှင့် Nokia တို့ဖြစ်သည်။

၄၀။ ကနေဒါနိုင်ငံတွင် ကုန်ထုတ်စွမ်းအား အကောင်းဆုံးနေ့မှာ အင်္ဂါနေ့ဖြစ်သည်။

၄၁။ ရှိကာဂို တက္ကသိုလ်၏ ၁၉၀၇ ခုနှစ်တွင် ပြုလုပ်ခဲ့သောစစ်တမ်းများအရ အလွယ်ကူဆုံး မြင်လွယ်သော အရောင်သည် အဝါရောင်ဖြစ်ကြောင်းတွေ့ရှိခဲ့ရသည်။အဘယ်ကြောင့် ဟူမူကား ရှိကာဂိုမှ Yellow Cab အငှားကားကုမ္ပဏီသည် ယင်း၏ ကား အားလုံးကို အဝါရောင် သုတ်ထားသောကြောင့်ဖြစ်ပေသည်။

၄၂။ The New York Times သတင်းစာ၏ တနင်္ဂနွေထုတ် သတင်းစာများ ထုတ်ဝေနိုင်ရန်အတွက် ပျမ်းမျှ သစ်ပင်ပေါင်း ၆၃၀၀၀ ကို သတင်းစာစက္ကူ ပြုလုပ်ရသည်။

၄၃။ လုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းတစ်ခုကို ပျမ်းမျှအားဖြင့် မိတ္တူ ၁၉ ကြိမ်ဆွဲရလေ့ရှိသည်။

၄၄။ ကမ္ဘာ့အကြီးဆုံး အလုပ်ရှင်သည် အိန္ဒိယနိုင်ငံမှ အိန္ဒိယ မီးရထားလုပ်ငန်းဖြစ်ပြီး ဝန်ထမ်း ၁ ဒသမ ၆ သန်းခန့် တာဝန် ထမ်းဆောင်လျက်ရှိသည်။

၄၅။ Happy Birthday တေးသီချင်းကို Warner Chappel ဂီတအဖွဲ့က ပိုင်ဆိုင်ထားလေရာ ကမ္ဘာတစ်ဝှမ်းတွင် အသုံးပြုရန် မူပိုင်ခွင့် နှစ်စဉ်နှစ်တိုင်း ဒေါ်လာ ၁ သန်းခန့်ရရှိသည်။

Source : မောင်သာ( ရှေးဟောင်းသုတေသန)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။