လတ်တလော အနုပညာလောကကို ရိုက်ခတ်နေတာက မူးယစ်ဆေးဝါးအမှုတွေပါ ။ သရုပ်ဆောင် မိုးမောင်ရင် ၊ ရဲတိုက် ၊ အဆိုတော် ရွှေထိုက် ၊ ရသ ပြီးနောက်မှာ ဒါရိုက်တာ မိုက်တီး ထိ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိလို့ ထိန်းသိမ်းခံခဲ့ကြရပါတယ် ။ ကျော်ကြားလူသိများသူတွေဖြစ်တဲ့အတွက် ပရိတ်သတ်တွေကြားမှာလည်း ဒီအမှုတွေက စိတ်ဝင်စားစရာ အမှုတွေဖြစ်လို့နေပါတယ် ။ မကြာသေးခင်က ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ ဒါရိုက်တာ မိုက်တီးအတွက် ပရိသတ်တွေ ၊ ရုပ်ရုင်လောကသားတွေရဲ့ ခံစားရေးသားချက်တွေကလည်း အမျိုးမျိုးဖြစ်လို့နေပါတယ်။

မိုက်တီး အဖမ်းခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လတ်တလောမှာ အနုပညာရှင်တွေကြားမှာ ခံစားမှုတွေအသံတွေ ဖော်ထုတ်နေကြတဲ့အချိန်မှာ ခံစားချက်တွေ ဖော်ထုတ်လိုက်တာကတော့ နိုင်ငံကျော် ရုပ်ရှင်မင်းသမီးဟောင်း ဟန်နီထွန်းပါ ။ ဟန်နီထွန်း ကတော့ အခုလိုဆိုပါတယ် "အပြစ်ရှိရင်တော့ အဲ့ဒီအပြစ်ဒါဏ်ခံရမှာပဲ သနားရင်ပိုနှစ်ရာကျမယ်လေဒါပေမဲ့ ဖမ်းသွားတဲ့ရဲတွေဘာအကြောင်းအရာမှ မစစ်ရသေးခင် သတင်းထတင်တဲ့ နာမည်လေးလုံးနဲ့ အဆိုတော်အမျိုးသမီးကိုတော့ အံ့သြတကြီးလေးစားပါတယ်။ လို့ရေးသားထားတာကိုတွေ့ရပါတယ်။

ဘယ်ကဘယ်လိုသတင်းရသလဲ တင်နိုင်သလဲဆိုတာအံ့သြခြင်းကြီးစွာပါ ...ဖမ်းလို့စခန်းမရောက်သေးဘူး သတင်းထတင်တော့ ထူးဆန်းလို့ပါ လို့ ရေးသားထားတာကိုတွေ့ရပါတယ်။ နောက်ပြီးမေးချင်ပါတယ်ဘာ့ကြောင့် လူအုပ်ကြီးတပြုံတမခေါ်လာပြီးတွေ့ခွင့်တောင်းတာဘာ့ကြောင့်လဲကျေးဇူးရှိမှ ကျေးစွပ်တယ်ဆိုတာ ဒါမျိုး(စုံစမ်းမေးမြန်းနိုင်ပါသည်)။ လို့ ရေးသားထားပါသေးတယ် ။ ဟန်နီထွန်းကတော့ မိုက်တီး ကို ရဲအဖမ်းမခံရခင် အရင်ဆုံးသတင်းတင်ခဲ့တဲ့ အဆိုတော်အမျိုးသမီးဟာ ရဲ ကို သတင်းပေးသူဖြစ်တယ်လို့ စွပ်စွဲပြောဆိုထားတာပါ ။ ပရိသတ်ကြီးရေ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပရိသတ်ကြီးရဲ့ အမြင်တွေသဘောထားတွေကို မှတ်ချက်မှာပြောပြပေးသွားကြပါနော်။

Source - Honey Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။