Beauty Blogger နေခြည်ဦးတစ်ယောက် Tokyo မှာရိုက်ကူးခဲတဲ့ သူမရဲ့အမိုက်စားအလွင့် ပုံရိပ်တွေကို ဓာတ်ပုံဆရာ Haw Suepin က လူမှုကွန်ယက်မှာ ဖြန့်ဝေလိုက်တာပဲဖြစ်ပါ တယ်။ မြင်ဖူးနေကျပုံစံနဲ့ မတူပဲ တစ်မျိုးကွဲပြားပြီး အရမ်းကိုမိုက်လွန်းနေပါတယ်။ Beauty Blogger တစ်ဦးအဖြစ်နဲ့ ပရိသတ်တွေရဲ့အချစ်ကို ရရှိခဲ့ပြီး နောက်ပိုင်းမှာတော့ ရုပ်ရှင် သရုပ်ဆောင်ဖက်ကို စတင်ကူးပြောင်းလာခဲ့တာပဲဖြစ်ပါတယ်။ သူမက လက်ရှိအချိန်ထိ ရုပ်ရှင်ဇာတ်ကား 2 ကားကို ရိုက်ကူးထားတာဖြစ်ပြီး သူမရဲ့ နောက်ထပ်ခြေလှမ်း အသစ် တွေကို ပရိသတ်တွေကလည်း စောင့်မျှော်နေကြတာပဲဖြစ်ပါတယ်။

ယခင်က နှုတ်ခမ်းအလှပြုပြင်မှုလုပ်ခဲ့ပေမယ့် သိပ်မကြာ သေးခင်က ကိုရီးယား နိုင်ငံမှာ မျက်ရစ်နဲ့ နှာခေါင်း ခွဲစိတ်မှု သွားရောက်လုပ်ခဲ့ပြီး လက်ရှိမှာတော့ အရုပ်မလေး တစ် ယောက်လို အလှကြီးလှ နေပြီပဲဖြစ်ပါတယ်။ စကားပြောပုံ ချစ်စရာဟန်ပန် အမူအရာနဲ့ သူမရဲ့ အလှအပ ဆိုင်ရာ Video လေးတွေက အမျိုးသမီးပရိသတ်တွေကြားမှာ ရေပန်းစား လွန်းပါတယ်။ သူမရဲ့အမိုက်စားပုံရိပ်တွေကတော့ မြင်သူတိုင်းရဲ့ စိတ်နှလုံးကိုဆွဲကိုင်လှုပ်ခါ နိုင်လောက်အောင်ကို ဆွဲဆောင်မှုတွေပိုနေပါတယ်။

ခွဲစိတ်ပြုပြင်ပြီးနောက်ပိုင်း ဘိုမရုပ် လေးတစ်ရုပ်လို လှသွားတဲ့ သူမရဲ့ချစ်စဖွယ်မျက်နှာလေး ထက်မှာ အမိုက်စားပြင်ဆင် ချယ်သမှုတွေနဲ့အတူ အမိုက်စားပုံရိပ်တွေက ပရိသတ်တွေ ရဲ့အသည်းတွေကိုခြွေယူလို့ သွားပါတော့တယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့မှာရိုက်ကူးထားတဲ့ သူမရဲ့ မိုက်လွန်းတဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပြီနော်။

Photo - Haw Suepin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။