အခြားသူတွေမလုပ်နိုင်တာတွေကိုလုပ်ပြပြီး ဂင်းနစ်စံချိန်တင်နိုင်ဖို့ ကြိုးစားသူတွေဟာ ကမ္ဘာ့နိုင်ငံအသီးသီမှာ များစွာရှိကြပါတယ်။

ထို့အတူအိန္ဒိယနိုင်ငံ ချန်နိုင်းမြို့က အသက် ၃ နှစ်အရွယ် မိန်းကလေးတဦးဟာဆိုရင်လည်း ဂင်းနစ်မှတ်တမ်းစာအုပ်မှာ မှတ်တမ်းရေးထိုးနိုင်ဖို့အတွက် ကြိုးစားမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ၃ နှစ်အရွယ်မိန်းကလေးကတော့ မြားအစင်း ၁၀၀၀ ကျော်ကို ပစ်ခတ်ပြသခဲ့ပြီး ဂင်းနစ်စံချိန်တင်ဖို့ ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။ 

အိန္ဒိယနိုင်ငံမှာနေထိုင်တဲ့ အသက် ၃ နှစ်အရွယ် မူကြိုကျောင်းသူလေး ဆန်ဂျာနာ ကတော့ သြဂုတ်လ ၁၅ ရက်နေ့မှာကျရောက်တဲ့ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးနေ့မှာ အခုလိုကြိုးပမ်းခဲ့တာပဲဖြစ်ပါတယ်။

သူမကတော့ ၈ မီတာအကွာအဝေးကနေ ပစ်မှတ်ကို မြားအချက်ပေါင်း ၁၁၁၁ ချက်ထိ ပစ်ခတ်ပြသခဲ့တာဖြစ်ပြီး မြားပစ်ချိန်ဟာ ၃ နာရီခွဲလောက်ကြာမြင့်ခဲ့ပါတယ်။ 

ကလေးငယ်ကတော့ မြားပစ်နေစဉ်အတွင်းမှာ ခြေထောက်ဒဏ်ရာ ရရှိခဲ့ပေမယ့်လည်း ဇွဲ့မလျော့ဘဲ ဆက်လက်ယှဉ်ပြိုင်ခဲ့သလို မြားတွေကိုဆက်တိုက်ပစ်လွှတ်နေတာကြောင့် အရမ်းပင်ပန်းနွမ်းနယ်နေပေမယ့်လည်း လုံးဝအလျော့မပေးဘဲ ဆက်လက်ပစ်ခတ် ကြိုးပမ်းခဲ့တာကိုတွေ့ရပါတယ်။

နောက်ဆုံးမှာတော့ အဆိုပါကလေးငယ်ဟာ ရာချီတဲ့ မြားချက်တွေကို ပစ်မှတ်ကိုထိအောင်ပစ်နိုင်ခဲ့ပြီး ရလာဒ်တစ်ခုကိုရရှိအောင်ဆွမ်းဆောင်နိုင်ခဲ့ပါတယ်။

အခုလို အသက် ၃ နှစ်အရွယ် ပင်ပန်းမှုဒဏ်ကိုခံနိုင်ရည်ရှိကာ အဆုံးထိဇွဲမလျော့ဘဲ ကြိုးစားခဲ့တဲ့ သူမရဲ့စိတ်ဓာတ်လေးကတော့ အင်မတန်မှ အတုယူဖွယ်ကောင်းလှပါတယ်။

ပရိသတ်တွေရော သူမရဲ့စိတ်ဓာတ်လေးရဲ့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုကြရဲ့လား။ 

source - DVB & 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။