နဂါးမောက်သီးဟာ အာဟာရဓာတ်ကြွယ်ဝတဲ့ သဘာဝသစ်သီးတစ်မျိုး ဖြစ်ပါတယ်.. ပါဝင်တဲ့အာဟာရဓာတ်တွေကြည့်ရင်

(၁) ရေဓာတ်(Water) - အရည်ရွှမ်းတဲ့သစ်သီးတစ်မျိုးဖြစ်လို့ ရေငတ်တုန်းစားရင် ရေငတ်ပြေပါတယ်..]

(၂) ကာဘိုဟိုက်ဒြိတ် (Carbonhydrate) – အဓိကအများဆုံးပါဝင်ပြီး စုစုပေါင်းအလေးချိန်ရဲ့၁၁% ပါဝင်ပါတယ်.. မောပန်းမှုကိုပြေပျောက်စေခြင်း၊ စွမ်းအင်တွေရစေခြင်းနဲ့ အမောခံနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်..

(၃) ပရိုတင်းဓာတ် (Protein) - ပါဝင်မှုကတော့ နည်းပါတယ်.. အဓိက အစေ့မှာသာပါဝင်ပြီး ၁.၁% လောက်သာ ပါရှိပါတယ်..

(၄) အဆီဓာတ် (Fat) – Fruit pulp လို့ခေါ်တဲ့ အသားထဲမှာတော့ အဆီလုံးဝမပါပါ.. အသားထဲမှာ မြုပ်နေတဲ့ အစေ့တွေထဲမှာတော့ အဆီဓာတ်တွေ ကြွယ်ဝစွာပါရှိပါတယ်.. အဲ့ဒီအဆီအားလုံးဟာလည်း လူတွေရဲ့ကျန်းမာရေးကို အထောက်အကူပြုတဲ့ မရှိမဖြစ်လိုအပ်တဲ့ မပြည့်ဝဆီ (Essential unsaturated fatty acid) တွေဖြစ်ပါတယ်.. ဥပမာ - Linoleic acid တို့၊ Palmitic acid တို့ဖြစ်ပါတယ်..

(၅) အမျှင်ဓာတ် (Fiber) - အမျှင်ဓာတ်အလွန်ကြွယ်ဝတဲ့ သစ်သီးလို့ ပြောနိုင်ပါတယ်.. ၃% လောက်ပါဝင်ပါတယ်.. ဒါ့ကြောင့် ဝမ်းမှန်စေပြီး အူမကြီးကင်ဆာဖြစ်ခြင်းကနေ ကာကွယ်ပေးပါတယ်..

(၆) ဗီတာမင်ဓာတ်များ (Vitamins) - အနေနဲ့ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်ပြီး ၁၀၀ ဂရမ်ရှိတဲ့ အသီးတစ်လုံးမှာ ၂၀ မီလီဂရမ်ပါဝင်ပါတယ်.. ကျန်ဗီတာမင်တွေအနေနဲ့ ဗီတာမင်ဘီ အုပ်စုဝင်တွေလည်း အနည်းငယ်စီ ပါဝင်ပါတယ်..

(၇) သတ္တုဓာတ် (Minerals) - အနေနဲ့ ကယ်လ်စီယမ်ဓာတ်၊ သံဓာတ်၊ မီးစုန်းဓာတ်တို့ ပါဝင်ပါတယ်..

ဒါတွေအပြင် Phytochemicals လို့ခေါ်တဲ့ ဆေးဖက်ဝင်ဓာတ်ပစ္စည်းတွေလည်း ကြွယ်ဝစွာ ပါဝင်ပါတယ်.. အထူးသဖြင့် Glycoside နဲ့ Phenolic compounds တွေ ပါဝင်နေတာ တွေ့ရပါတယ်.. အဲ့ဒီပစ္စည်းတွေကြောင့် နဂါးမောက်သီးဟာ ဆေးဖက်ဝင်နေရခြင်း ဖြစ်ပါတယ်..

Source : ဒေါက်တာခင်မောင်လွင်(FAME)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။