ချစ်စရာကောင်းတဲ့ကောင်မလေးဟန်နာယူရီကတော့ အသက်ငယ်ငယ်နဲ့အောင်မြင်တဲ့မိတ်ကပ်ပညာရှင်တစ်ယောက်အဖြစ်ပရိသတ်တွေကြားရေပန်းစားနေသူလေးပဲဖြစ်ပါတယ်။အရုပ်မလေးလား ကိုရီးယားသူလေးခွဲခြားရခက်စေတဲ့သူမရဲ့အလှကတော့တကယ့်ကိုထူးခြားလှပါတယ်။ချစ်စရာကောင်းတဲ့အမူအရာလေးတွေ ချစ်စ ရာကောင်းတဲ့ပုံစံလေးတွေကြောင့်ပရိသတ်တွေကြားမှာနာမည်ကျော်ကြားလူကြိုက်များအချစ်ပိုနေရတဲ့သူလေးပဲဖြစ်ပါတယ်။

ဒီနေ့မှာလည်း ပရိသတ်တွေအားလုံးရဲ့ အသဲနှလုံးတွေကို သွပ်သွပ်ခါအောင်လှုပ်ခါသွားစေမယ့်ချစ်စရာဗီဒီယိုဖိုင်လေးတစ်ခုမျှဝေလိုက်ပြန်ပါတယ်။သူမကတော့ ကန်တော်ကြီးထဲကငါးလေးတွေကို ငါးစာကျွေးရင်း ငါးတွေရဲ့အကျိုးဆောင်မလေးလုပ်နေခဲ့တာပဲ ဖြစ်ပါတယ်။ငါလေးတွေကိုအစာကျွေးနေတဲ့သူမကတော့ သူကျွေးလိုက်တဲ့ ပေါက်ပေါက်လေးတွေကိုစားပြီးငါးလူပျိုလေးတွေနဲ့ ငါးအပျိုမလေးတွေဖူးစာစုံပြီးချစ်ရင်လည်းချစ်သွားမှာပေါ့ဆိုတဲ့ရည်ရွှယ်ချက်လေးနဲ့ အစာလည်းကျွေးအောင်သွယ်လည်းလုပ်ရင်းတစ်ချက်ခုတ် နှစ်ချက်ပြတ်လုပ်နေပုံရပါတယ်။

သူမကတော့တကယ့်ကိုချစ်စရာကောင်းတဲ့အမူအရာလေးတွေကို တမင်လုပ်ယူစရာမလိုပဲ သူမရဲ့ပင်ကိုယ်စကားပြောပုံဆိုပုံ အမူအရာလေးတွေကိုကချစ်ဖို့ကောင်းနေတာပဲဖြစ်ပါတယ်နော်။သူမရဲ့ချစ်စရာကောင်းတဲ့ဗီဒီယိုဖိုင်လေးကတော့ တကယ့်ကိုနှလုံးသားရင်မာတဲ့လူကြမ်းကြီးတွေကိုတောင်ကြွေသွားရစေမယ့် ချစ်စရာဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်။ကြည့်မိသူတိုင်းမချစ်ပဲမနေနိုင်လောက်အောင်ပါပဲနော်။ပရိသတ်အားလုံးအချစ်ပိုသွားစေမယ့်ဗီဒီယိုဖိုင်လေးကိုလည်းတင်ဆက်ပေးလိုက်ရပါတယ်နော်။

သတင်းအရင်းအမြစ် - ဟန်နာယူရီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။