ပရိသတ်ကြီးရေ MRTV 4 ဇာတ်လမ်းတွဲတွေရဲ့ ပင်တိုင်မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ ဆံနွယ်ရှည်လေးတွေနဲ့ မြန်မာဆန်ဆန် တစ်မျိုးလေးလှသူ ဖြစ်ပါတယ်။ မြန်မာဝတ်စုံလေးတွေကို အမြတ်တနိုးနဲ့ဝတ်ဆင်လေ့ရှိတဲ့ သူမကိုပရိသတ်တွေလည်း တန်ဖိုးထားချစ်ခင်ကြတာ ဖြစ်ပါတယ်။ မင်းသားချောလေးတွေနဲ့အတူ တွဲဖက်သရုပ်ဆောင်နေရတဲ့ သူမက လက်ရှိမှာ မင်းသား၃ယောက်ကြား ရွေးချယ်ရခက်နေတာ တွေ့ရပါတယ်။

"ဝင်္ကပါစံအိမ်'' ဇာတ်လမ်းတွဲမှာ အောင်မင်းခန်နဲ့အတူ စတင်သရုပ်ဆောင်ခဲ့ပြီး အခုလက်ရှိမှာ ပြသနေဆဲဖြစ်တဲ့ '' မိုးကောင်းကင်အိပ်မက်'' ဇာတ်လမ်းတွဲလေးမှာတော့ စည်သူဝင်း၊ ကျော်ထက်ဇော်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။ သူမကို မတူတဲ့အချစ်တစ်မျိုးစီနဲ့ ချစ်ကြတဲ့ စပ်ခွန်းမိုင်း၊ရဲသွေး၊ကာရံဟိန်းဆိုတဲ့ မင်းသား၃ဦးရဲ့ဇာတ်ရုပ်တွေကြောင့် ပရိသတ်တွေကလည်း ကိုယ်နှစ်သက်ရာသူတွေနဲ့ သဘောတူနေကြတာ တွေ့ရပါတယ်။

8

ပိုးကြားဖြူခင်လေးက ဘယ်သူကို့ရွေးမလဲဆိုတာ စိတ်ဝင်စားနေတဲ့အချိန်မှာ သူမက ''ဝင်္ကပါစံအိမ်'' မင်းသားလေးကို ရွေးချယ်လိုက်ပါတယ်။ ဝင်္ကပါစံအိမ်က သူဌေးလေး စဝ်ခွန်မိုင်းနဲ့ ဆရာမ မေဘယ်လ်မာရီမြင့်တို့နှစ်ဦးက မင်္ဂလာဓာတ်ပုံလေးတွေကို တင်လိုက်တာကြောင့် ပရိသတ်တွေ အံ့အားသင့်ခဲ့ရပါတယ်။ အမှန်မှတော့ သူမတို့နှစ်ဦးက ''Wedding guide magazine shooting'' အတွက် ရိုက်ကူးနေတဲ့ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အောင်မင်းခန့်နဲ့ ပိုးကြာဖြူခင်တို့ရဲ့ မင်္ဂလာဝတ်စုံနဲ့ပုံလေးတွေကို ရှုစားဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Poe Kyar Phyu Khin;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။