မြန်မာ့လက်ဝှေ့ကို ကမ္ဘာ့အဆင့်မီပြုလုပ်မှုတွေပြုလုပ်လျှက်ရှိပြီး လက်ရှိပြည်တွင်းသာမက အာရှနိုင်ငံများစွာတွင်လည်း မြန်မာ့လက်ဝှေ့အစွမ်းကိုအားလုံးလေးစားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ လေးစားနေသူတွေထဲမှာ ဂျပန်နိုင်ငံလက်ဝှေ့ချစ် ဂျပန်လူမျိုးပရိသတ်များစွာလည်းပါဝင်လျှက်ရှိတာတွေ့ရပါတယ်။  

၁၉ရက်နေ့ နေ့လည်၂နာရီမှာကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို မြန်မာ့-ဂျပန်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး နှစ်နိုင်ငံကိုယ်စားပြုဖိုက်တာများစွာဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာတွေ့ရပါတယ်။ လက်ရှိဂျပန်နိုင်ငံတွင်လည်း မကြာခနမြန်မာ့လက်ဝှေ့ပွဲများ ပြုလုပ်ကျင်းပပေးလျှက်ရှိပြီး ကမ္ဘာ့အဆင့်မီပြိုင်ပွဲတွေအဖြစ်ပြုလုပ်ဆောင်ရွက်ပေးလျှက်ရှိတာတွေ့ရပါတယ်။  

၁၉ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ (LETHWEI WORLD CHAMPIONSHIP 3)73 Kg လက်ဝှေ့ပွဲတွင် ရွှေရာမာဉ်(မြန်မာ)နှင့် ခိုဟီဟိုခဲရှီ(ဂျပန်)တို့ထိုးသတ်ခဲ့ကြပြီး မြန်မာ့လက်ဝှေ့ပညာကို ဂျပန်လူမျိုးတွေလေးစားလောက်အောင်ပြသနိုင်ခဲ့တာတွေ့ရပါတယ်။ အဆိုပါပြိုင်ပွဲတွင် ရွှေရာမာဉ်(မြန်မာ)က ခိုဟီဟိုခဲရှီကိုအကောင်းဆုံးတိုက်ကွက်တွေဖြစ် ထိုးသတ်နိုင်ခဲ့ပြီး အသာစီးသရေရလဒ်ဖြစ်ပွဲပြီးခဲ့ကြောင်း သိရပါတယ်။ လာရောက်ကြည့်ရှုသူတွေအတွက် အကောင်းဆုံးပွဲအဖြစ်သုံးသပ်ခြင်းခံထားရတဲ့ အဆိုပါပွဲပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Martial Art Page Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။