တစ်ခေတ်တခါက ဒိတ်ဒိတ်ကျဲမင်းသမီးတစ်လတ်ဖြစ်တဲ့ နန္ဒာလှိုင်ကိုတော့ ပရိသတ်တွေချစ်ခင်မြဲဖြစ်မယ်ထင်ပါတယ်။ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးထားပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေက သူမကို ပရိသတ်တွေတခဲနက်အားပေးလာခဲ့တာပါ။လတ်တလောမှာအနုပညာအလုပ်တွေကို ပြုလုပ်လာတာနည်းနေပေမယ့်လည်း သူမရဲ့ ပရိသတ်တွေကတော့ယခုထိတိုင်အားပေးချစ်ခင်လျက်ရှိနေဆဲဖြစ်ပါတယ်။

သူမကတော့ယခုအခါမှာ ပျော်ရွှင်တဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပြီး သာယာတဲ့ မိသားစုလေးကိုပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ သမီးချောလေး သုံးယောက်ကိုပိုင်ဆိုင်ထားတဲ့ သူမကတော့ ချစ်သမီးလေးတွေနဲ့ ပျော်ရွှင်နေတာကိုလည်းတွေ့မြင်ရပါတယ်။

ဒီတစ်ခါမှာလည်း ချစ်သမီးသုံးယောက်ရဲ့ ကကွက်လေးတွေမှာ ပျော်နေတာကိုတွေ့မြင်ရပါတယ်။ချစ်သမီးလေးတွေကလည်း ကကွက် မျိုးစုံနဲ့ ကပြနေတာမြင်တွေ့ ရပြီးချစ်စရာကောင်းနေတာအမှန်ပါပဲ။သူမကိုချစ်တဲ့ ပရိသတ်တွေရော ချစ်သမီးလေးတွေရဲ့ ကကွက်လေးတွေကိုကြည့်ပြီး အားပေးစကားလေးတွေပြောခဲ့ကြပါအုံးနော်...

သတင်းအရင်းအမြစ်-နန္ဒာလှိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။