ပရိသတ်ကြီးရေ ပြည်သူတွေရဲ့အချစ်တွေကို အကုန်သိမ်းပိုက်ထားတဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းစာရင်းဝင်တဲ့ သရုပ်ဆောင်မင်းသမီးတစ်ဦးပဲ ဖြစ်ပါတယ်။ အကယ်ဒမီရွှေစင်ဆုတွေကိုလည်း သိမ်းပိုက်ရရှိထားတဲ့ ရွှေကစ်က သရုပ်ဆောင်ပိုင်းမှာ သူမတူအောင် ထိမိလွန်းတဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့် အားလုံးကဝိုင်းချစ်ကြပြီး အားမပေးသူမရှိလောက်အောင် ရေပန်းစားကျော်ကြားနေသူ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ကစ်က ရုပ်ရှင်ကားကြီးတွေနဲ့ အခြားရိုက်ကူးရေးတွေများစွာကို ဆက်တိုက်ရိုက်ကူးနေတာ တွေ့ရပါတယ်။ ဒါ့အပြင် ကစ်ကပွဲအခမ်းအနားတွေကိုလည်း မရိုးနိုင်တဲ့ဖက်ရှင်တွေနဲ့ တက်ရောက်နေတာလည်း ဖြစ်ပါတယ်။ ကစ်လေးက မကြာသေးခင် အချိန်ကမှ အသက် ၃၀နှစ်သာပြည့်သွားခဲ့ပေမယ့် အားလုံးက မယုံနိုင်လောက်အောင် ကလေးတစ်ယောက်လို ဖြူစင်နုပျိုခြင်းတွေနဲ့ ထင်ပေါ်လှပနေဆဲ ဖြစ်ပါတယ်။

အခုလည်း ကစ်က ခေတ်မှီလှပတဲ့ ဖက်ရှင်အလန်းလေးနဲ့ ပွဲတက်ရောက်ခဲ့တဲ့ သူမရဲ့အလှပုံလေးတွေကို အသစ်တင်ထားတာ တွေ့ရပါတယ်။ ကစ်က " City mall က RENE’ fashion shop ရဲ့ grand opening ပွဲတက်ပုံ လေးတွေတင်ပေးလိုက်တယ်နော် "ဆိုတဲ့ စာသားလေးနဲ့ အတူ ဝေမျှထားတာ ဖြစ်ပါတယ်။ သူမရဲ့ပွဲတက်ဝတ်စုံနဲ့ ဖိနပ်ကိုတော့ "RENE’ "က စီစဉ်ပေးထားပြီး မိတ်ကပ်ကိုတော့ Shine က အလှပဆုံး ခြယ်သပေးထားတာ ဖြစ်ပါတယ်။ ကဲ ကစ်ရဲ့ချစ်ပရိသတ်တွေအတွက် ပုံအသစ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Wutt Hmone Shwe Yi ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။