မန်ယူအသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘရိုက်တန်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြမော်ရင်ဟိုကို ပရီးမီးယားလိဂ်မှာ ပထမဆုံး အထုတ်ခံရမယ့် နည်းပြအဖြစ်လောင်းကစားဒိုင်တွေက လောင်းကြေးဖွင့်လာကြပါတယ်။ ပရိသတ်တစ်ချို့ကလဲ မော်ရင်ဟိုကို ထုတ်ပယ်ပြီး မော်ရင်ဟိုနေရာမှာ ဇီဒန်းနဲ့ အစားထိုးဖို့ တောင်းဆိုနေကြပါတယ်။  

မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြ မော်ရင်ဟိုရဲ့နေရာမှာ ရီးရဲလ်နည်းပြဟောင်း ဇီဒန်းနဲ့ အစားထိုးခန့်အပ်ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။မော်ရင်ဟိုအနေနဲ့ လာမယ့်အပတ်မှာ စပါးအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံနေလို့ ဒီပွဲမှာ ရလဒ်ကောင်းမရဘူးဆိုရင် သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ပိုမိုလှုပ်ခတ်လာနိုင်တယ်။ 

အသက် ၄၆ နှစ်ရှိ ပြင်သစ်နည်းပြ ဇီဒန်းဟာ ပြီးခဲ့တဲ့နှစ်က ရီးရဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဆုဖလား ၃ ကြိမ်မြောက် ရယူပေးခဲ့ပြီးနောက် အသင်းကနေ နုတ်ထွက်ခဲ့ပြီး လက်ရှိအချိန်မှာတော့ အသင်းလက်မဲ့ ဖြစ်နေပါတယ်။ဇီဒန်းကလဲ မန်ယူနည်းပြ ထိုင်ခုံကိုရယူချင်နေတယ်လို့ ဇီဒန်းနဲ့ နီးစပ်သူတစ်ချို့က ပြောဆိုထားပါတယ်။ မန်ယူရဲ့ နည်းပြထိုင်ခုံဟာ လှုပ်လှုပ်ခပ်ခပ်တော့ ရှိလာပြီဖြစ်ပါတယ်။ 

source: the sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။