ကလေးကိုမီးရှို့သတ်တဲ့ အမျိုးသမီးကို မီးပုံထဲတွန်းချပြီး အပြစ်ပေးခဲ့တဲ့ ဒေသခံလူအုပ်ကြီး

ဘရားဇီးနိုင်ငံမှာ အသက်၃ဝနှစ်ဝန်းကျင်ရှိတဲ့ အမျိုးသမီးက (၂)နှစ်အရွယ် ကလေးတစ်ယောက်ကို မီးရှို့သတ်ခဲ့တဲ့ အဖြစ်အပျက်ဖြစ်ခဲ့ပါတယ်။တရားခံအမျိုးသမီးကို ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ဝိုင်းပြီးရိုက်နှက်ပြီးတော့ ကလေးငယ်ခံရသလို ခံရစေဖို့ ရယ်ဒီပြုလုပ်ထားတဲ့ မီးဖိုပေါ်ကို တွန်းချခဲ့ပါတယ်။

အခင်းဖြစ်ချိန်မှာ အမျိုးသမီးဟာ အကျဉ်းထောင်ထဲ ရောက်နေတာဖြစ်ပီး ဒေသခံလူအုပ်က ထောင်တွင်းကို အကြမ်းဖက်ဝင်ရောက်ကာ အမျိုးသမီးကို အပြင်ကိုဆွဲထုတ်ခေါ်လာပြီး ဝိုင်းဝန်းရိုက်နှက်ကြတာ ဖြစ်ပါတယ်။ တရားခံအမျိုးသမီးဟာ ဒဏ်ရာအလိမ်းလိမ်း သွေးအလိမ်းလိမ်းနဲ့ ဖြစ်နေပြီး၊ ပြန်လည်တိုက်ခိုက်နို်င်ခြင်း မရှိခဲ့ပါဘူး။

သွေးရူးသွေးတန်းနဲ့ လွတ်ရာကို ပြေးဖို့ကြိုးစားပေမယ့် ငါးရာကျော်လောက်ရှိတဲ့ လူအုပ်ကြီးလက်က မလွတ်ခဲ့ပါဘူး။ သူမဟာ မီးဖိုထဲကို ပစ်ချခံလိုက်ရပြီး အရေပြားတွေလည်း မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ဗွီဒီယိုဖိုင်ထဲမှာ အမျိုးသမီးဟာ ကားအပျက်အစီးတွေကို မီးရှို့ထားတဲ့ မီးပုံရှိရာဆီကို ဆံပင်ဆွဲခြင်း၊ လူအုပ်လိုက် ဝိုင်းမခြင်း ခံရကာ မီးပုံပေါ်ကို ပစ်တင်တာကို ခံလိုက်ရတာကို တွေ့မြင်ရပါတယ်။ မကြာမီမှာ ရဲတပ်ဖွဲ့က ခေါ်ထားတဲ့ စစ်တပ်ရောက်ရှိလာပြီး ဒေသခံလူအုပ်ကြီးကို ထိန်းချုပ်ခဲ့ရပါတယ် လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။