လီဗာပူးနည်​းပြ က​လော့ပ်​မှ ​တော်​တင်​ဟမ်​အသင်​းအား အန်​ဖီးလ်​၌ မာ​နေးရဲ့ ဂိုး​တွေနဲ့အတူ 2.0 ဖြင်​့ အနိုင်​ယူခဲ့ပြီး​နောက်​ အဆိုပါပွဲစဉ်​ရဲ့ အသင်​း၏ စွမ်​း​ဆောင်​မှုပိုင်​းအား ချီးကျူး​ပြောကြားလိုက်​ပါတယ်​။

"စပါးအသင်​းကို ဘယ်​လိုကစားရမလည်​းဆိုတာကို ပြသနိုင်​ခဲ့တဲ့ပွဲပါ။ ပါ​ဖော်​မန်​့ပိုင်​းလည်​း အလွန်​​ကောင်​းမွန်​ပြီး ပြည်​့စုံလှပါတယ်​။ အထူးသဖြင်​့ ပထမပိုင်​းမှာ တိုက်​စစ်​နဲ့ ဒုတိယပိုင်​းမှာ ခံစစ်​​ကောင်​း​တွေကို ပြသနိုင်​ခဲ့ပါတယ်​။ စပါးအသင်​းအ​နေနဲ့လည်​း ကျွန်​​တော်​တို့ကို တိုက်​ဖို့ အခွင်​့အ​ရေးသိပ်​မရခဲ့ပါဘူး။ ဘာလို့လည်​းဆို​တော့ ကျွန်​​တော်​တို့ ဧရိယာထဲမှာ ငါး​ရောက်​​လောက်​အသင်​့ဖြစ်​​နေကြတယ်​​လေ။ တကယ်​့ကို ပြီးပြည်​့စုံတဲ့ ပွဲတစ်​ပွဲပါ'' လို့ က​လော့ပ်​မှ ဆိုပါတယ်​။

စပါးနည်​းပြ ပိုချက်​တီနိုမှလည်​း ၎င်းရဲ့အသင်​းပြိုင်​ပွဲကို ​နှေး​ကွေးစွာစတင်​ခဲ့​ကြောင်​း ငြီးတွားခဲ့ပြီး ပထမပိုင်​းကစားပုံအား ​ဝေဖန်​သွားခဲ့သလို ၎င်းရဲ့အသင်​းဟာ ချန်​ပီယံဆုကို စိန်​​ခေါ်နိုင်​​လောက်​သည်​့ အသင်​းမဟုတ်​​ကြောင်​း အဆိုပါပွဲအပြီး ​ပြောကြားခဲ့ပါတယ်​။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။