MyanmarIdolSeason3ကတော့အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီးWinnerဆုကိုတော့ဖြိုးမြတ်အောင်က

ရရှိသွားတာဖြစ်ပါတယ်။MyanmarIdolအဖွဲ့အဝင်၁၁ယောက်ကလည်းမိသားစုတွေလို

မောင်နှမတွေကိုခင်မင်ခဲ့ကြပေမယ့်ပြိုင်ပွဲပြီးဆုံးချိန်မှာပြန်လည်ခွဲခွာကြရပါတယ်။

ပြိုင်ပွဲဝင်တွေထဲကတစ်ယောက်ဖြစ်တဲ့နီလန်းကလည်းပရိတ်သတ်တွေရဲ့တစ်ခဲနက်အားပေးခြင်းခံရတာဖြစ်ပါတယ်။

နီလန်းဟာပြိုင်ပွဲဝင်နေချိန်တုန်းမှာစိတ်မကောင်းစရာကိစ္စကြုံခဲ့ရပေမယ့်လည်းအကောင်းဆုံး

ယှဉ်ပြိုင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။MyanmarIdolပြိုင်ပွဲကြီးပြီးဆုံးသွားတဲ့ခါပြိုင်ပွဲဝင်တွေက

သက်ဆိုင်ရာအနုပညာအလုပ်တွေကိုလုပ်ကိုင်ကြိုးစားနေကြတာဖြစ်ပါတယ်။

ခုမှာလည်းနီလန်းကသူ့ကိုချစ်ရတဲ့ဖန်တွေနဲ့တွေ့ဆုံပွဲလေးကိုမနေ့ကပြုလုပ်ခဲ့တာပါ။

ဖန်တွေနဲ့တွေ့ဆုံပွဲကိုမနေ့ကညနေ၅နာရီကနေ၈နာရီအထိRoyalRoseHall(ရွှေဂုံတိုင်)မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ပရိတ်သတ်တွေကလည်းတစ်ခဲနက်လာရောက်အားပေးခဲ့ကြပြီးလက်ဆောင်ပစ္စည်းတွေနဲ့လည်းပေးခဲ့ကြပါတယ်။

သူ့ချစ်ပရိတ်သတ်ကြီးကိုလက်မှတ်တွေထိုးပေးခဲ့ပြီးပရိတ်သတ်တစ်ယောက်ကနီလန်းထိုးပေးတဲ့လက်မှတ်ကိုတက်တူးထိုးခဲ့တာကြောင့်

နီလန်းတစ်ယောက်အံ့သြခဲ့ရပါတယ်။ပရိတ်သတ်တွေနဲ့တွေ့ဆုံပွဲမှာပျော်နေတဲ့နီလန်းရဲ့ပုံရိပ်တွေကိုမျှဝေပေးရင်းသူ့အနုပညာအလုပ်တွေကိုအားပေးကြပါဦးနော်။

SOURCE:Nilen Parmawi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။