ဘန်ကောက်တွင် မြန်မာအချင်းချင်း ဓားဖြင့်ခုတ်၊ ဒဏ်ရာရသူ ၃ ဦးထဲ ၁ ဦး လက်ပြတ်

ထိုင်းနိုင်ငံ ဘန်ကောက် ကျတူးကျတ်နယ်မြေထဲမှာ မနေ့က မြန်မာလူငယ်အချင်းချင်း ဓားခုတ်မှု ဖြစ်ပွားပြီး ၂ ဦးဒဏ်ရာရကာ ၁ ဦးက ညာဘက်လက်ပြတ်ထွက်သွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

မနေ့ မနက် ၁၁ နာရီလောက်က ကျတူးကျတ်နယ်မြေ ကမ်ဖိုင်ဖစ်လမ်း ဆွန်လုတ်ဖိုင်းပန်းခြံထဲမှာ ခိုက်ရန်ဖြစ်ပွားမှုရှိကြောင်း သတင်းအရ အခင်းဖြစ်ပွားရာနေရာကို သွားရောက်ကြည့်ရှုရာမှာ ဒဏ်ရာနဲ့ လဲနေတဲ့ လူငယ်တဦးကို တွေရကြောင်း၊ ဒဏ်ရာရလူငယ်မှာ ညာဘက်လက်ကောက်ဝတ်ပြတ်ထွက် လွင့်စင်သွားသလို ဘယ်ဘက်က လက်ချောင်း ၃ ချောင်းပြတ်ထွက်သွားပြီး သွေးတွေ အလွန်အမင်းထွက်နေတဲ့အတွက် ရှေးဦးသူနာပြုစုကာ ရာမာဓိပတိဆေးရုံကို အမြန်ဆုံးပို့ဆောင်ပေးခဲ့တယ်လို့ ဘန်းဆိနယ်မြေရဲစခန်း ရဲအုပ် ထိ၀ါးကွန်း ပရုန်ဆိန်က သတင်းထောက်တွေကို ပြောပါတယ်။

လက်ပြတ်အောင်ဒဏ်ရာရသူမှာ အသက် ၂၀ ရွယ်ရှိ စိုင်းသိန်း ဆိုသူ မြန်မာအလုပ်သမားဖြစ်ပြီး သူနဲ့အတူတူလာတဲ့ မြန်မာမိန်းကလေးတဦးလည်း ဦးခေါင်းမှာ ဒဏ်ရာရပြီး အနီးနားရှိပြည်သူတွေက ဆေးရုံကို အရင်ပို့ဆောင်ခဲ့ပြီးဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

အခင်းဖြစ်ပွားရာနေရာနဲ့ မနီးမဝေးမြက်ခင်းပေါ်မှာ သွေးစတွေပေနေတဲ့ တစ်ပေခန့်အရှည်ရှိ ဂျပန်ဆာမူရိုင်း ဓားတချောင်းကို တွေ့ရှိလို့ သက်သေအဖြစ်သိမ်းထားကြောင်း၊ တချိန်တည်းမှာပဲ ပန်းခြံ လုံခြုံရေးအစောင့်တွေက ခိုက်ရန်ဖြစ်ပွားသူ လူငယ် ၄ ဦးကို ၀ိုင်းဝန်းဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

လူငယ် ၄ ဦးဟာ အသက် ၂၀ နဲ့ ၂၅ နှစ်ကြားရှိ မြန်မာလူငယ်တွေဖြစ်ပြီး ထိုင်းနိုင်ငံထဲ တရားဝင် နေထိုင်ခွင့်အထောက်အထားမရှိသလို ထိုင်း စကားလည်း မပြောတတ်ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

သူတို့ဟာ ထိုင်းနိုင်ငံထဲတရားမဝင် ဝင်ရောက်မှုနဲ့ ကနဦးအရေးယူခံရမှာဖြစ်ပြီး ဓားခုတ်တဲ့ ကိစ္စ မှာတော့ ဒဏ်ရာရသူတွေ အနည်းငယ် နေကောင်းလာမှ အမှုကို ဆက်လက်စစ်ဆေးသွား မှာဖြ စ်ကြောင်း၊ သူတို့တတွေဟာ အလုပ်အားရက် ပန်းခြံထဲလာလည်ကြပြီး မိန်းကလေးကိစ္စနဲ့ ပတ်သ က်လို့ စကားများရန်ဖြစ်ဟန်ရှိတယ်လို့ ယူဆရပေမယ့် ဖြစ်ရပ်မှန်သိရဖို့ ရဲဘက်က နောက်ထပ်ကွင်း ဆင်းစစ်ဆေးသွားမယ်လို့ ဘန်းဆိနယ်မြေရဲစခန်း ရဲအုပ်က သတင်းထောက်တွေကို ပြောပါတယ်။

DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။