မူးယစ်ရာဇာတွေရဲ့ နေထိုင်မှု ပုံစံကို လူတော်တော်များများက ကြိုက်နှစ်သက်ကြပါတယ်။သူတို့ဟာ ကောင်းပေ့ဆိုတဲ့ အရာတွေနဲ့ ထူးဆန်းတဲ့ နေထိုင်မှုတွေနဲ့ နေထိုင်ကြပြီး နောက်ဆုံးအရာတွေကို သုံးလေ့ရှိပါတယ်။ဒါပေမယ့် ဒီလို မာဖီးယား မူးယစ်ရာဇာတွေဟာ ယောင်္ကျားတွေချည်း မဟုတ်ပဲ အမျိုးသမီးတွေရှိတဲ့ သူတို့ရဲ့ နေထိုင်မှုပုံစံတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဂိုဏ်းစတားတွေ အများဆုံးမွေးမြူလေ့ရှိတဲ့ အိမ်မွေးတိရိစ္ဆာန်တွေကလဲ ထိန်းရသိမ်းရခက်တဲ့ တိရစ္ဆာန်မျိုးတွေဖြစ်ပြီး သူတို့ ဘယ်လို ထိန်းကျောင်းလဲ မသိပေမယ့် မာဖီးယားမမတွေရဲ့ ခပ်မိုက်မိုက်နေထိုင်မှု တခုပါပဲ။

သူတို့ဟာ ကားတွေကို စုဆောင်းတတ်ပြီး ကိုယ်ပိုင်လေယာဉ်ထက် နောက်ဆုံးပေါ်ကားတွေကို ခုံမင်တတ်ကြတာဖြစ်ပါတယ်။များသောအားဖြင့် သေနတ်တွေနဲ့ ကားစုဆောင်းမှုဟာ သူတို့ကြားက ဂုဏ်တုဂုဏ်ပြိုင် သဘောမျိုးဖြစ်ပါတယ်။ သူတို့က လှသလို ရက်စက်တတ်ပြီး သတ္တိရှိတဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်။တော်ရုံ ပစ္စည်းအလဲအလှယ်မှာ ရဲက ဝင်ရှုပ်လာရင် သူသေ ကိုယ်သေပစ်တတ်ပါတယ်။ မားဖီးယားမမတွေ ကိုင်တတ်တဲ့ သေနတ်က သူတို့လိုပဲ လှပပြီး စွဲမက်စရာကောင်းတဲ့ ရွှေသေနတ်တွေ ဖြစ်ပါတယ်။ 

အပန်းဖြေမှုက သူမတူအောင် ထူးခြားလှပါတယ်။ သူတို့ဟာ စိတ်ပျော်ရွှင်မှုရဖို့ လက်နက်ကြီးငယ်တွေကို အားလပ်ချိန်မှာ ပစ်ခတ်တာ အဲ့ဒါတွေနဲ့ ဓာတ်ပုံရိုက်တာတွေ လုပ်တတ်ပါတယ်။ မြင်းစီးတဲ့ ခေတ်က ကုန်သွားပြီဆိုပေမယ့် သူတို့ဟာ ခြံဝင်းကျယ်ကြီးတွေမှာ မြင်းစီးတဲ့ အလေ့အထရှိနေသေးတာဖြစ်ပြီး တခါတလေ မြင်းနဲ့ ခုန်တဲ့ကစားနည်းကို အမြဲလို ကစားတတ်တာဖြစ်ပါတယ်။ ပွဲတက်ဝတ်စုံနဲ့များ သိပ်လှတဲ့ အမျိုးသမီးဆိုပြီး အားနွဲ့ပျော့ာံ့လောက်တယ်ဆိုပြီး ပါတီမှာ ဂွင်ဖန်ဖို့ ကြိုးစားမိလို့ ခြေထောက်တွေ သေနတ်နဲ့ အပစ်ခံရတာမနည်းပါဘူး။သူတို့ရဲ့ ဂိုဏ်းနှစ်ဂိုဏ်း စစ်အေးတိုက်ပွဲတွေကလဲ ပါတီတွေက စတတ်ပါတယ်။ သူတို့ရဲ့ အဆောင်အယောင်တွေထဲမှာ သေနတ်သာမကပဲ စိန်နဲ့ လုပ်တဲ့ အသုံးအဆောင်တွေလည်းပါ ပါတယ်။ 

များသောအားဖြင့် ကုန်ပစ္စည်းလဲလှယ်မှုတွေမှာ သူတို့ဟာ လေကြောင်းကိုသာ အသုံးပြုတတ်ပြီး မြေပြင်မှာ ပြေးလွှားမောင်းနှင်နေတဲ့ စနစ်က ခေတ်မမှီတော့ပါဘူး။ တရက်စာ ဝင်ငွေဟာ အရင်းရဲ့ ခေါက်ချိုးပြန်ရပြီး သူတို့မှာ ဆက်ကြေးနဲက လာဘ်ထိုးရတဲ့ ရဲမရှိလို့ ရတဲ့ငွေတိုင်းဟာ အသားတင်သာဖြစ်ပါတယ်။ Ferrari တွေကို ဂိုဒေါင်ထဲ တန်းစီပြီး ရပ်ထားသလို ဒီကားတွေက ညမင်းသားတွေဖြစ်ပြီး ညအချိန်မှ ထုတ်မောင်းတာလုပ်တာဖြစ်ပါတယ်။ ဒီလို မာဖီးယား မူးယစ်ရာဇာ ပူစီမမတွေဟာ ပူစီကတ် အကြီးကြီးနဲ့ ခင်္သြေ့တွေကို မွေးမြူထားပြီး ကတိမတည်တဲ့ လက်အောက်ငယ်နဲ့ သစ္စာဖောက်တဲ့ ဝယ်လက်တွေရှိလာရင်လဲ ချကျွေးတတ်ပါတယ်။သူတို့ဟာ ဒီလို ကျားတွေ ခြငေ်္သေ့တွေကို တရားဝင်လိုင်စင်နဲ့ ဝယ်ထားတာဖြစ်ပြီး သူတို့ရဲ့ စည်းစိမ်တွေကို ဒီလိုနေရာမှာ သုံးဖြုန်းလေ့ရှိပါတယ်။ 

Source : Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။