နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်​ဆန်​းစုကြည်​ အ​ဝေးသင်​တက္ကသိုလ်​ မြန်​မာစာပထမနှစ်​ ​ကျောင်​းသူ မအဥ္စလီမွန်​အား တရင်​းတနှီး အား​ပေး

​နေပြည်​တော်​၊ ​ဖေ​ဖော်​ဝါရီ ၁၃

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တောင်ကြီးမြို့သို့ ရောက်ရှိနေစဉ် ယနေ့ နံနက်ပိုင်းတွင် ၁၀၂ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ်အဖြစ် တောင်ကြီးမြို့ စူဠာမဏိစေတီတော်တွင် ကုသိုလ်ကောင်းမှု ပြုခဲ့ရာ ဘုရားဖူးပြည်​သူများအား ရင်​းရင်​းနှီးနှီး နှုတ်​ဆက်​သည်​။

ထိုသို့နှုတ်ဆက်ရာတွင် ဘုရားဖူးလာ အဝေးသင်တက္ကသိုလ် မြန်မာစာ ပထမနှစ်မှ မသန်စွမ်း တက္ကသိုလ်ကျောင်းသူ မအဥ္စလီမွန်​က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ၎င်းအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်ခွင့် ရှိမရှိ မေးမြန်းရာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ မည်သူမဆို ပါဝင်ဆောင်ရွက် နိုင်ပါကြောင်း၊ ယခုကဲ့သို့ ကျန်းမာသန်စွမ်းမှု အားနည်းသော်လည်း ပြင်းပြသည့် စိတ်ဓာတ်ဖြင့် ဘဝခရီးကို လျှောက်လှမ်းခဲ့သူတစ်ဦး အနေဖြင့်လည်း ပါဝင် ဆောင်ရွက်နိုင်ပါကြောင်း ပြောကြားသည်​။

မအဥ္စလီမွန်​က အောင်လက်မှတ်ကို ပြသခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ကြိုးစားအားထုတ်မှုကို ချီးကျူးခဲ့ပြီး ရင်းရင်းနှီးနှီးဖြင့် အားပေးစကားများ ပြောကြားသည်။

မအဥ္စလီမွန်​သည်​ ဖခင်​ ဦးခင်​​မောင်​ဝင်​း၏ သမီး ဖြစ်​ပြီး အသက်​ ၂၀ ရှိပြီ ဖြစ်​သည်​။ ​တောင်​ကြီးမြို့၊ ​ကျောင်​းကြီးစုရပ်​ကွက်​ မုံတဝဂူလမ်​းတွင်​ ​နေထိုင်​သူ တစ်​ဦးဖြစ်​သည်​။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။