ကလေးငယ်ရဲ့ ကပ်ပါးအမြွှာလို့ပြောရမယ့် သူ့ရဲ့အမြွှာမွေးချင်းဟာ ကလေးငယ်ရဲ့ခန္ဓာကိုယ်မှာ ကပ်ပါးတစ်ကောင်လိုဖြစ်နေတဲ့အတွက် ကလေးငယ်အသက်အန္တရာယ်ရှိခဲ့တယ်လို့ဆိုပါတယ်။

အမည်မဖော်လိုသူ အသက်၂၃နှစ်အရွယ်ရှိအမျိုးသမီးတစ်ဦးဟာ Jan 21 ရက်နေ့က အမြွှာကလေးငယ်တွေကို မွေးဖွားခဲ့ပါတယ်။ ဒါပေမယ့် အမြွှာကငေယ်တစ်ဦးကတော့ ကပ်ပါးဖြစ်နေပြီး သူ့ရဲ့မွေးချင်းဖြစ်သူရဲ့ ကိုယ်ထဲမှာ ရှင်သန်နေထိုင်နေရတာကြောင့် မွေးချင်းဖြစ်သူရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်သလိုဖြစ်နေခဲ့ပါတယ်။

ကလေးငယ်မှာ နှလုံးတစ်စုံတည်းသာပါတာမို့ ခက်ခက်ခဲခဲအသက်ရှင်နေရတဲ့အတွက် သူတို့လင်မယားဟာ ကလေးငယ်ကိုခွဲစိတ်ကုသဖို့အတွက် မြို့တက်လာခဲ့ရပါတယ်။ ကံကောင်းစွာနဲ့ပဲ ဆေးရုံကတာဝန်ရှိသူတွေဟာ ကလေးငယ်ကို အခမဲ့ခွဲစိတ်ပေးဖို့ သဘောတူညီခဲ့ပြီး ခွဲစိတ်မှုအောင်မြင်ခဲ့ပြီးနောက် ကလေးငယ်ရဲ့ကျန်းမာရေး သိသိသာသာတိုးတက်ကောင်းမွန်လာတယ်လို့ဆိုပါတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။