လတ်တလောမှာ ပရိသတ်တွေရဲ့ ဝေဖန်မှုကိုခံနေရတဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ စုံတွဲ လေးကတော့ ရွှေမှုန်ရဲ့ညီမဖြစ်သူ ငွေမှုန်ရတီနဲ့အတူ အပျော်ကြီး ပျော်နေကြတာပဲဖြစ်ပါ တယ်။ သုံးယောက်သား တကယ်ကိုပျော်နေတဲ့ပုံပါပဲ ပရိသတ်ကြီးရေ။ မုန့်တွေစားပြီး အပြုံး တွေဖလှယ်နေပုံက တကယ့်ကိုကြည်နူးစရာကောင်းလွန်းပါတယ်။

ဝေဖန်တိုက်ခိုက်မှုတွေရှိနေပေမယ့် တွဲထားတဲ့လက်တွေကို လုံးဝမဖြုတ်ပဲ လက်ရှိအချိန် ထိ ချစ်နေကြတဲ့ နှစ်ယောက်သားရဲ့ မေတ္တာစွမ်းအား ကတော့ အံ့မခန်းပါပဲ။ ကိုးကိုးနဲ့ စာကလေးလို့ တစ်ယောက်ကိုတစ်ယောက် ချစ်စနိုးကျီစယ်ခေါ်ဝေါ်ကြပြီး တစ်ယောက်နဲ့ တစ်ယောက်လည်း အရာရာပေးဆပ်ပြီး ချစ်နေကြတာပဲဖြစ်ပါတယ်။

သုံးယောက်သား အပျော်တွေကူးစက်နေကြတဲ့ Video လေး သုံးခုကို ငွေမှုန်ရတီက သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်လိုက်တာပဲ ဖြစ်ပါတယ်။ ဝေဖန်တိုက်ခိုက်မှုတွေ ကြားထဲကနေ ချစ်သူလက်ကိုမြဲမြဲဆုပ်ကိုင်ထားတဲ့ ရွှေရွှေချင်းထပ်လို့မြတ်တဲ့ ရွှေစုံတွဲ လေးကတော့ နှစ်ယောက်အတူတူ အပျော်ကြီးပျော်နေပုံက တကယ်ကိုအားကျစရာပါပဲ ပရိသတ်ကြီးရေ။

Source - Ngwe Hmone Yati

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။