“အရိပ်” ဇာတ်ကားထဲမှာ ညီလင်းညိုဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ ပရိသတ်တွေရဲ့ အချစ် တွေကို အခိုင်အမာသိမ်းပိုက်ရရှိထားတဲ့ သရုပ်ဆောင် မင်းသားချောလေး ဟိန်းထက်က တော့ အမိုက်စား ဆိုင်ကယ်ကြီးနဲ့ ပျိုပျိုမေတို့ကြွေစေဖို့ ပုံရိပ်လေးတွေ တင်လိုက်တာပဲဖြစ်ပါ တယ်။ MRTV 4 က ထုတ်လွှင့်တဲ့ ဇာတ်လမ်းတွဲလေးတွေကနေတဆင့် ပရိသတ်တွေရဲ့ ရင်ထဲကိုရောက်ရှိခဲ့တဲ့ မင်းသားတစ်ဦးလည်းဖြစ်ပါတယ်။

ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေအားပေးမှုတွေကို ရရှိထားတဲ့ မင်းသား ချောလေးဟိန်းထက်ကတော့ လတ်တလောမှာ “စေတမန်” ဆိုတဲ့ အက်ရှင်ဇာတ်ကားကို သရုပ်ဆောင်ရိုက်ကူးနေတာ တွေ့ရပါတယ်..။ ညီလင်းညိုဆိုတဲ့ဇာတ်ကောင်နာမည်နဲ့ ဇာတ်ကားနဲ့လူသိများလာတဲ့ မင်းသားဟိန်းထက်ကတော့ “အရိပ်” ဇာတ်ကားမှာသရုပ် ဆောင်ပီပြင်သလို “စေတမန်”ဇာတ်ကားနဲ့လည်း ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ဦး မှာပါပဲနော်..။

မိန်းကလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားတဲ့ ဟိန်းထက် ကတော့ အမိုက်စားပုံရိပ်လေးတွေနဲ့ ပရိသတ်တွေရဲ့အသည်းတွေကို ခြွေယူနေတဲ့ မင်းသား ချောလေးပါပဲနော်..။ နူးညံ့တဲ့အပြုံးလေးတွေနဲ့ အားလုံးရဲ့အချစ်တွေကို သိမ်းပိုက်ထားတဲ့ ပျိုမေတို့ရဲ့အချစ်တော် ကိုကိုတစ်ယောက်ဖြစ်တဲ့ မင်းသားချောလေး ဟိန်းထက်ရဲ့ ဒုတိယခြေ လှမ်းဖြစ်တဲ့ “စေတမန်”ဇာတ်ကားကိုလည်း စောင့်မျှော်အားပေးကြဖို့ မမေ့နဲ့ဦးနော်..။

Photo - Hein Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။