ရုပ်ရှင်တွေကတော့ ကြည့်လို့အလွန်ကောင်းပါတယ် ။ ဒီလို ကြည့်ကောင်းအောင် ဇာတ်လမ်းထွင်ရိုက်ထားတာတွေ များပေမယ့် အချို ့သော ဖြစ်ရပ်မှန်တွေက ဇာတ်လမ်းထွင်တာထက်ပိုဆန်းပြားတာတွေလဲ ရှိပါတယ် ။ ဒီလို ဆန်းပြားတဲ့ ဖြစ်ရပ်မှန်တွေကို ဇာတ်လမ်းအဖြစ်အသက်သွင်းလိုက်တဲ့ အခါ တကယ့်ကို ရင်တစ်ဖိုဖိုနဲ့ ကြည့်ရတဲ့ ရုပ်ရှင်ဇာတ်လမ်းကောင်းတွေဖြစ်လာပါတော့တယ် ။

ပရိသတ်တွေရဲ့စိတ်အာရုံကို ဖမ်းစားနိုင်ဆုံး၊ အကောင်းဆုံးသော ဒီဇာတ်ကားတွေဟာဆိုရင် အမှန်တကယ်လက်တွေ့ဘဝကဖြစ်ရပ်မှ ဇာတ်လမ်းယူထားခြင်းဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားတွေရဲ့ဇာတ်လမ်းဇာတ်ကွက်တွေဟာ စိတ်ကူးဖန်တီးထားသကဲ့သို့ ဖြစ်နေသော်လည်းအမှန်တကယ်မှာ ဖြစ်ရပ်မှန်များကို အခြေပြုထားတာပါ ။

ကိုးရီးယားရုပ်ရှင်ဇာတ်ကားတွေဟာကြက်သီးတဖြန်းဖြန်းထလောက်အောင်ကြောက်ရွံဖွယ်ရာမှုခင်းဇာတ်လမ်းတွေမှအစ အားရနှစ်ခြိုက်စရာကောင်းသော

ဇာတ်ကြောင်းတွေ ထိအောင် ဇာတ်လမ်းရဲ့ဖြစ်ရပ်မှန်နောက်ခံအကြောင်းအရာတွေက အံ့ဩစရာတွေပါ ။ ဒီလို ဖြစ်ရပ်မှန်တွေကိုမှ ကြိုက်နှစ်သက်တယ်ဆိုတဲ့ ပရိတ်သတ်တွေအတွက် ဒီတစ်ခါမှာတော့ Admin က ဖြစ်ရပ်မှန်တွေကို ပြန်ရိုက်ထားတဲ့ ကိုရီးယားဇာတ်ကားအချို ့နဲ့ မိတ်ဆက်ပေးချင်ပါတယ် ။  

1.The Chaser

ဒီဇာတ်လမ်းမှာဆိုရင် ဘဏ္ဍာရေးအကြပ်အတဉ်းအချို့ကို ဖြစ်စေတဲ့အကျင့်ပြတ်ခြစားနေတဲ့ အရာရှိတစ်ဦးက တစ်ယောက်ပြီးတစ်ယောက်ကိုဆက်တိုိက်သတ်နေတဲ့ လူသတ်သမား ကုုိ လိုက်ဖမ်းတဲ့ ဇာတ်ကြောင်းက ပရိသတ်တွေရဲ့ ကြောက်မက်စရာကောင်းသောသည်းထိတ်ရင်ဖိုမှုတွေ စိတ်လှုပ်ရှားမှုတွေကိုပါလိုက်ပါလာစေခဲ့တယ်။ဒီလူသတ်သမားဇာတ်ကောင်ကဆိုရင်ရဲတွေအဲလူသတ်သမားကိုမဖမ်းမိခင်ကမိန်းကလေးတွေကိုပစ်မှတ်ထားပြီးတူကိုဆွဲကုုိင်တဲ့အပြင်လက်တွေ့ဘဝကလူသတ်သမားတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်အကြောင်း အခြေခံထားတာပါ။ရယ်စရာကောင်းတဲ့အချက်ကတော့သူအကျဉ်းမကျခင်မှာ လူသတ်သမားအစစ်ကို ဖမ်းခဲ့ပါတယ်။ဒါပေမဲ့ ရဲတွေက အဲလူကိုသာမန်သူခိုးလို့ထင်ကြောင့် ပြန်လွတ်မြောက်ခဲ့ပါတယ်တဲ့။ ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး ။ 

2.Northern Limit Line

ဒီရုပ်ရှင်ဇာတ်ကားကတော့၂၀၀၂ ခုနစ် အချိန်ကာလကိုအခြေပြုထားပြီးလက်တွေ့ဘဝက

'Yeonpyeong'ရဲ့ ဒုတိယအကြိမ်မြောက်တိုက်ပွဲ ရဲ့ဖြစ်ရပ် ကို အခြေခံထားတာပါ။ရုပ်ရှင်ဇာတ်ကားထဲမှာရော အပြင်မှာပါ မြောက်ကိုးရီးယားရဲ့ ကင်းလှည့်လှေတစ်စီးဟာ မြောက်ဘက်ကန့်သတ်စည်းမျဉ်းကို ဖြတ်ကျော်လာခဲ့သောကြောင့် ပြန်လှည့်ရန် သတိပေးခဲ့ပါတယ်။သိပ်မကြာမီမှာပဲ နောက်ထပ် ကင်းထောက်လှေ တစ်စီးကထပ်မံ ဖြတ်ကျော်လာ၍ စတင်ခြိမ်းခြောက်ခဲ့ပြီး တောင်ကိုးရီးယားရေယာဉ်များအား အနှောင့်အယှက်ပြုခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ပစ်ခတ်ခြင်းတွေ ဖြစ်ပွားခဲ့တဲ့နောက်မှာတော့ ... ထပ် မ Spoil တော့ဘူးနော် ။ တကယ့်ကို ကောင်းတဲ့ အက်ရှင်ဇာတ်ကားလေးမို့ ကြည့်ဖို့တော့ ညွှန်းချင်ပါတယ် ။ 

3.Memories of Murder

အခြားသည်းထိတ်ရင်ဖိုမှုခင်းဇာတ်လမ်းကတော့ "Memories of Murder" ဖြစ်ပါတယ်။ဒီကားဟာဆိုရင် တောင်ကိုးရီးယားရဲ့ပထမဦးဆုံးသောလူသတ်သမားတစ်ယောက်ရဲ့ဇာတ်ကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပါ။ ဒီဇာတ်ကားမှာ ဖော်ပြထားတဲ့ ၁၉၈၆ခုနစ် နဲ့ ၁၉၉၁ခုနစ်ကြားတွင် "Hwaseong" ကမိန်းကလေး ၁၀ဦးသတ်ခံရကြောင်းတွေ့ရှိခဲဲ့ပါတယ်။သို့သော် ဇာတ်ကားထဲတွင် ဒီအမှုအားဖြေရှင်းရန် တာဝန်ပေးခြင်းခံရပြီး ဒီအခြေအနေ ကိုဖြေရှင်းရန် အင်အားမပြည့်စုံခဲ့သော စုံထောက်နှစ်ယောက်ကိုသာ အသားပေး၍ဖော်ပြထားပါတယ်။

4.Silenced

"Silenced"ဆိုတဲ့ရုပ်ရှင်ကားကတော့"The Crucible"လို့ လူသိများပြီး ဒီဇာတ်ကားလေးက သက်ငယ်မုဒိန်းမှုအကြောင်းရိုက်ကူးထားတာပါ ။ ဆွံအနားမကြားကျောင်းကို တာဝန်ထမ်းဆောင်ရန် အသစ် ရောက်ရှိလာတဲ့ကျောင်းဆရာလေး က အရာအားလုံးကို မဖော်ထုတ်ခင်က နှစ်ပေါင်းများစွာလိင်အမြတ်ထုတ် ညှင်းပန်းနှိပ်စက်ခံခဲ့ရတဲ့ ကျောင်းသားလေးများ၏ဇာတ်လမ်းတွေကို ဖော်ပြထားပါတယ်။ အမှန်တကယ်တော့ ဒီဇာတ်လမ်းလေးက အပြင်မှာတကယ်ရှိတဲ့ကျောင်းတစ်ခုမှာဖြစ်ပွားခဲ့တာဖြစ်ရပ်မှန်အကြောင်းအရာတစ်ခုဖြစ်ပါတယ်။အဲဒီကျောင်းရဲ့အကြားအာရုံ ချို့ယွင်းသောကျောင်းသားလေးတွေကဆိုရင် ခြိမ်းခြောက်ခြင်းကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းတို့ကို သားကောင်အဖြစ် ထပ်ထပ်အခါခါ ခံခဲ့ရပါတယ်။ 

5. Spy Myung Wol

ဒီဇာတ်ကားလေးကိုတော့ ပရိတ်သတ်တွေ တော်တော်ရင်းနှီးမှာပါ ။ နိုင်ငံပိုင် မြဝတီ ရုပ်သံလိုင်းကထုတ်လွှင့်ခဲ့ဖူးတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ် ။ မြောက်ကိုရီးယားက စပိုင်မလေး နဲ့ တောင်ကိုရီးယားက နာမည်ကျော် ရုပ်ရှင်မင်းသားတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကောင်းလေးပါ ။ ဒီဇာတ်လမ်းလေးနောက်ကွယ်က ဖြစ်ရပ်ကတော့ တောင်ကိုရီးယားက နာမည်ကျော် မင်းသမီးနဲ့ မင်းသမီးရဲ့ ခင်ပွန်းဟောင်း နာမည်ကျော် ဒါရိုက်တာကို မြောက်ကိုရီးယားရဲ့ ရုပ်ရှင်လောကကို မြှင့်တင်ဖို့အတွက် ပြန်ပေးဆွဲဖမ်းဆီးထားခဲ့တဲ့ ဖြစ်ရပ်ကို အခြေခံရေးသားထားတဲ့ ဇာတ်လမ်းပါတဲ့ ။  

ဒီဇာတ်ကားလေးတွေကတော့ ဖြစ်ရပ်မှန်ကို အခြေတည်တဲ့ ဇာတ်လမ်းကောင်းလေးတွေဖြစ်ပါတယ် ။ မကြည့်ရသေးတဲ့ ပရိတ်သတ်တွေရှိရင် ကြည့်ကြည့်ကြဖို့ အကြံပေးချင်ပါတယ်နော် ။  

သတင်းအရင်းမြစ် koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။