အနုပညာလောကမှာ ကံ နဲ့ စန်းဆိုတာ ပြောလို့မရပါဘူး ။ ခုချိန်မှာသာမန်လူဖြစ်နေပေမယ့် နောက်တစ်နှစ်မှာတော့ ဒိတ်ဒိတ်ကျဲအောင်မြင်သူဖြစ်ချင်ဖြစ်နေနိုင်တာမျိုးပါ ။ လက်ရှိ ထိပ်တန်းရောက်နေတဲ့မင်းသမီးတွေဟာလည်း တစ်ချိန်က သာမန်လူဖြစ်ခဲ့ဖူးပါတယ် ။ သူတို့မအောင်မြင်ခင်က ဘာတွေလုပ်ခဲ့ကြလဲဆိုတာ စိတ်ဝင်စားစရာကောင်းတာမို့ စုစည်းဖော်ပြပေးလိုက်ပါတယ်နော် ။

Kim Nam Joo – Civil Servant

သူမကတော့ Gyeonggi အပိုင်းမှာရှိတဲ့ မှတ်တမ်းရုံးတစ်ခုမှာ စာရင်းကောက်သူလုပ်ခဲ့ပါတယ် ။ Survey ကောက်သလိုပုံစံမျိုးဖြစ်မယ်ထင်တာပဲ ။ နောက်ပိုင်းမှာတော့

Miss ၀င်အရွေးခံပြီးနောက် နာမည်ကျော်ကြားမယ့် လမ်းကြောင်းပေါ်ကို ရောက်ရှိ်ခဲ့သူပါ ။  

Kim Tae Ri – Soy milk Seller

Kim Tae Ri ကတော့ အရင်က ပဲနို့ရောင်းခဲ့သူပါ ။ အခြား အချိန်ပိုင်းအလုပ်များစွာကိုလည်း လုပ်ခဲ့ရပါတယ် ။  

Suzy – Fitting Model

ကိုရီးယားရဲ့ ဒိတ်ဒိတ်ကျဲ အလှပဂေးပါ ။ သူမကတော့ အလယ်တန်းကျောင်းသူဘဝထဲက Photo Model တစ်ယောက်အဖြစ် စတင်လုပ်ကိုင်ခဲ့ပါတယ် ။ သူမက ငယ်ငယ်ထဲက Popular ဖြစ်ခဲ့သူပါ ။ သူ့ကို propose လုပ်ခဲ့သူတွေအများကြီးပါပဲတဲ့ ။

Oh Yoon Ah – Racing Model

အနုပညာအလုပ်ကို လျှောက်လမ်းပေါ်က ဖက်ရှင်မော်ဒယ်တစ်ယောက်အဖြစ်စတင်ခဲ့ပါတယ် ။ နောက်ပိုင်းမှာတော့ သူမလဲ နာမည်ကျော် မင်းသမီးတစ်လက်ဖြစ်လာတော့တာပါပဲ ။ 

Lee Yoo Young – Hair Salon Staff

သူမကတော့ ဆံသဆိုင်မှာ ၀န်ထမ်းလုပ်ခဲ့တာပါ ။ လွန်ခဲ့တဲ့ ခုနစ်နှစ်က ဆံသဆိုင်က ၀န်ထမ်းလေးတစ်ယောက်က အခုချိန်မှာတော့ ဒိတ်ဒိတ်ကျဲမင်းသမီးတစ်လက်ဖြစ်နေခဲ့ပါပြီ ။ 

ee Si Young – Sauna Mart Owner

သူမကတော့ ၀န်ထမ်းမဟုတ်ပါဘူး ။ ကိုယ်ပိုင် ချွေးထုတ်ခန်းကလေးတစ်ခု ဖွင့်လှစ်ခဲ့ပါတယ် ။

သူမကတော့ ခုချိန်မှာသူမဖြစ်ချင်ခဲ့တဲ့ မင်းသမီးတင်မက Boxer အားကစားသမားတစ်ယောက်ပါဖြစ်နေခဲ့ပါပြီ ။ 

Choa – IPTV salesperson

မင်းသမီးမဖြစ်ခင်က သူမက အရောင်းသမားတစ်ယောက်ဖြစ်ခဲ့ပါတယ် ။ သူမရဲ့ ဠာနမှာ ပထမအမြဲချိတ်အောင် ရောင်းနိုင်ခဲ့သူပါတဲ့ ။ အပြောကောင်းမယ့်ပုံပဲနော် ။  

Pyo Ye Jin – Flight attendant

လေယာဉ်မယ်မလေးကနေ မင်းသမီးတစ်ယောက်ဖြစ်လာခဲ့သူပါ ။ လှတာတော့ ပြောမနေပါနဲ့တော့ ။  

Han Ye Seul – Reporter

သတင်းထောက်ဘဝကနေ မင်းသမီးဖြစ်လာသူပါ ။ သတင်းထောက်ဘဝကလာတော့ Media တွေနဲ့ ဆက်ဆံရေးအလွန်ကောင်းတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ် ။

ပရိတ်သတ်တို့ရေ ... သူတို့လဲ မအောင်မြင်ခင်က ပုံမှန်အလုပ်တွေကိုလုပ်ကိုင်ရင်း ပုံမှန်ဘဝနဲ့ ဖြတ်သန်းနေခဲ့ကြသူတွေပါ ။ ကံတရားမျက်နှာသာပေးစဉ်မှာတော့ ဒိတ်ဒိတ်ကျဲတွေအောင်မြင်ကျော်ကြားသွားကြပါတယ် ။ ဒါကြောင့်မို့ ဖြစ်ချင်တဲ့ အိပ်မက်တွေ မဖြစ်လာသေးရင် အားမလျော့လိုက်ကြပါနဲ့နော် ။ အခွင့်အရေးတွေ ရှိနေသေးတာမို့ပါ ... 

သတင်းအရင်းမြစ် soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။