ပရိသတ်ကြီးရေ မိတ်ကပ်သုသုကတော့ အနုပညာလောကမှာရော ပရိသတ်တွေကြားမှာရော မသိသူမရှိလောက်အောင် ကျော်ကြားနေသူတစ်ဦး ဖြစ်ပါတယ်။ မိတ်ကပ်ပညာမှာ ထူးချွန်သလို အများကိုရယ်မောနိုင်စွမ်းရှိတဲ့နေရာမှာလည်း သူမတူလောက်အောင် ဟာသတွေ ဖန်တီးတတ်သူလည်း ဖြစ်ပါတယ်။ သုသုရဲ့ ပွင်လြင်းတဲ့စကားပြောဟန် လွတ်လပ်ပေါ့ပါးတဲ့ ပင်ကိုယ်ဟန်တွေကြောင့် သူမက လူချစ်လူခင်ပေါများနေတာပဲ ဖြစ်ပါတယ်။

သုသုက အမြဲလိုလို ပရိသတ်တွေ ရယ်ရွှင်စေနိုင်တဲ့ ဟာသဗီဒီယိုလေးတွေကို facebook မှာ အပျော်သဘောနဲ့ တင်ဆက်ပေးလေ့ရှိပါတယ်။ အခုလည်း သူမက မင်းသမီးချော သန္တာဗိုရဲ့ Challenge ကို ပုံစံတစ်မျိုးနဲ့ ပြန်လည်ကပြလိုက်တာ တွေ့ရပါတယ်။ Body ကို စည်းချပ်ညီညီ လှုပ်ရမ်းရတဲ့ ဒီ Challenge မှာ သုသုက သန္တာဗိုထက် ကြမ်းတဲ့ပုံစံနဲ့ Sexy ကျကျ ကပြလိုက်ပါတယ်။

သုသုက ''Thandar Bo ရဲ့ Challenge အတွက် အကြီးအကျယ်ကြိုးစားကထားတယ် ဘယ်တော့မှ အရှုံးမပေးဘူးအမွှေပေါ့'' ဆိုပြီး သူမရဲ့ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ်။ သုသုတစ်ယောက် ဘယ်လိုတွေ sexy ကျကျ လှနေပြီး ရင်ခုန်ချင်စရာကောင်းနေလဲဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သန္တာဗိုနဲ့သုသုတို့ရဲ့ Challenge ဗီဒီယိုကို ကြည့်ရှုဖို့ အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Nyi Nyi Maung & Thandar Bo;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။