အသက်(32) နှစ်ရှိပြီ ဖြစ်တဲ့ Lady Gaga ဟာ လက်ရှိမှာတော အီတလီနိုင်ငံ ၊ ဗင်းနစ် မြို့လေးကို ရောက်ရှိနေတာ ဖြစ်ပြီး သူမရဲ့ ပထမဆုံး ရုပ်ရှင် ဇာတ်ကားအတွက် ပွဲတက် ရန်ရောက်ရှိနေတာ ဖြစ်ပါတယ်။သူမရဲ့ ပထမဆုံး ရုပ်ရှင် ဇာတ်ကား ဖြစ်တဲ့ 'A Star Is Born' ဆိုတဲ့ American musical romantic drama film အမျိုးအစားရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းအတွက် အမေရိကန်ဒေါ်လာ ($30 million) အသုံးပြုခဲ့ပြီး ဒါရိုက်တာ အဖြစ် Bradley Cooper ကိုယ်တိုင် ရိုက်ကူးပြီး သူကိုယ်တိုင် မင်းသားအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ Leading Role မင်းသမီး အနေနဲ့ Lady Gaga က ပါဝင်သရုပ်ဆောင်သလို ဒီဇာတ်လမ်းအကျဉ်း လေးက တော့ အဆိုတော် ဘဝကို ရူးသွပ်နေတဲ့ အဆိုတော်ပေါက်စ မိန်းကလေး တစ်ယောက် နဲ့ အရက်စွဲနေတဲ့ ဝါရင့် အဆိုတော် နှစ်ယောက် တွေ့ဆုံတဲ့ အခါ ချစ်မိပြီးနောက်ပိုင်း ဘယ်လိုအောင်မြင်အောင် ကြိုးစားကြသလဲဆိုတဲ့ ချစ်သူနှစ်ဦးရဲ့ အ ကြောင်းလေးကို 1937 film အမျိုးအစား ပုံစံ နဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။

ပွဲဦးထွက် ဒီရုပ်ရှင်အတွက်နဲ့ Gaga နဲ့ ဒါရိုက်တ၊ မင်းသား Bradley Cooper တို့ဟာ လက်ရှိ အီတလီနိုင်ငံ၊ ဗင်းနင်းမြို့ကို ရောက်ရှိလို့နေတာ ဖြစ်ပြီး ဗင်းနင်းရုပ်ရှင်ပွဲတော် ကို ဒါရိုက်တာနဲ့ အတူ ရွှေလက်တွဲလို့ ပွဲတက်လာတဲ့ Gaga ရဲ့ ပန်းရောင်ဘဲငန်းမလေးလို လှပနေတဲ့ မိန်းကလေး ဆန်ဆန် ရိုးရှင်းတဲ့ အလှကို တွေ့ ရှိရမှာပါ..။

source: World Music Awards

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။