Hanna yu ri ကတော့ ပရိတ်သတ်တွေကြားထဲမှာ မိတ်ကပ်ပြင်ဆင်ချယ်သရာမှာ ကျွမ်းကျင်သူလေးတစ်ယောက်အဖြစ်နာမည်ကြီးနေသူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ သေးသွယ်လှပလှတဲ့ ခန္ဓာကိုယ်လေးအပြင် ချောမောလှပလှတဲ့ ရုပ်ကလေးကြောင့်လည်း သူမရဲ့အလှကို စွဲမက်ကြတဲ့ ပုရိသတွေများစွာရှိနေတာပဲဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာဆိုရင် ဘန်ကောက်ကိုရောက်ရှိနေတဲ့ ဟန်နာယူရီကတော့ လူမှုကွန်ယက်ပေါ်မှာ အရမ်းကိုလူကြိုက်များလှတဲ့ ဖီလစ်ပိုင်က မောင်နှမနှစ်ယောက်နှစ်တဲ့ Ranz Kyle နဲ့ Nina တို့နဲ့တွေ့ဆုံခဲ့ပါတယ်။

Ranz Kyle တို့မောင်နှမနှစ်ယောက်ကတော့ ထိုင်နိုင်ငံမှာ ကျင်းပတဲ့ ပွဲတစ်ခုမှာလာရောက်ဖျော်ဖြေခဲ့တာဖြစ်ပြီး ထိုပွဲမှာ ဟန်နာယူရီနဲ့ တွေ့ဆုံခဲ့တာပဲဖြစ်ပါတယ်။ 

သူတို့တင်ပေးလာတဲ့ ပုံရိပ်လေးတွေထဲမှာဆိုရင်လည်း ဟန်နာယူရီနဲ့အတူ Nina တို့တွဲရိုက်ထားတဲ့ ပုံရိပ်လေးဟာဆိုရင်လည်း ချစ်စကောင်းလှပါတယ်။

ထိုပုံလေးထဲမှာ အရမ်းချစ်စရာကောင်းလှတဲ့ မြန်မာမလေးနဲ့ အရမ်း cutti ဖြစ်တဲ့ ဖိလစ်ပိုင်မလေး တို့ကို အတူတွဲတွေ့မြင်နေရတာကြောင့် ပရိသတ်တွေကတော့ များစွာသဘောကျနေကြပါတယ်။

ပရိသတ်တွေရော သူတို့သုံးယောက်လုံးကို ချစ်ကြရဲ့လား အပြင်မှာရော သူတို့နဲ့ မတွေ့ချင်ကြဘူးလား။

source - Hunna Yu Ri

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။