Kha Thone Lone - ခသုံးလုံး ရုပ်ရှင်ထုတ်လုပ်ရေး ကတော့ ပြည်သူချစ် ဝါရင့် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ မင်းသား ခန့်စည်သူ ၊ အကယ်ဒမီမင်းသမီးကြီး ထွန်းအိန္ဒြာဗို နဲ့ အကယ်ဒမီ ခိုင်သင်းကြည် တို့ ပူးပေါင်း တည်ထောင်ထားတဲ့ ထုတ်လုပ်ရေးဖြစ်ပါတယ်။ အနာဂတ်မှာ အောင်မြင် ပြီး ထွန်းတောက် လာမဲ့ မင်းသား၊ မင်းသမီးချောလေးတွေကို မြေတောင်မြှောက်ပေးဖို့ အတွက် သရုပ်ဆောင်သစ်တွေကိုရွေးချယ်တင်မြောက်ပေးဖို့ အတွက် ရည်ရွယ်ထားတဲ့ ထုတ်လုပ်ရေးတစ်ခု ဖြစ်ပါတယ်။

ဒီ သရုပ်ဆောင်သစ် ရွေးချယ်ပွဲကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးခန်းမ မှာ ကျင်းပခဲ့ပြီး ဒိုင်တွေ အဖြစ် မင်းသား ခန့်စည်သူ ၊ အကယ်ဒမီမင်းသမီးကြီး ထွန်းအိန္ဒြာဗို နဲ့ အကယ်ဒမီ ခိုင်သင်းကြည် တို့အပြင် Beauty Blogger နေခြည်ဦးတို့က ပါဝင်ပြီး ဒိုင်အဖြစ် ဆောင်ရွက်ပေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ စကာတင် မျက်နာသစ် သရုပ်ဆောင် (၄) ဦး ကို အဆင့်ဆင့် ရွေးချယ်လို့ မွေးထုတ်ပေးခဲ့နိုင်ပြီဖြစ်ပါတယ်။

စကာတင် နောက်ဆုံးအဆင့် မျက်နာသစ် သရုပ်ဆောင် (၄) ဦးအဖြစ် ရွေးချယ်ခံရသူများကတော့ - အာကာဝင်းနိုင်၊ ထက်ဇာနည်ဟိန်း ၊P ဂျာဆိုင်းဘူ နဲ့ ပြည့်ဖူးမွန် တို့ ဖြစ်ပါတယ်။ အာလုံးနီးပါး တကယ့်ကို သရုပ်ဆောင် တစ်ဦးရဲ့ ရှိသင့်တဲ့ ရုပ်ရည်သွင်ပြင် နဲ့အတူ ဝါရင့်ဒိုင်တွေ ကိုယ်တိုင်က ရွေးချယ်တင်မြှောက်လိုက်တာမို့ ဘယ်လို အရည်အချင်းတွေနဲ့ ပရိသတ်တွေကို ချပြနိုင်မလဲ ဆိုတာ တော့ ပရိသတ်များ မကြာခင်မှာ စောင့်ကြည့်ကြပါနော်...။

source: Kha Thone Lone - ခသုံးလုံး ရုပ်ရှင်ထုတ်လုပ်ရေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။