အနုပညာလောကရဲ့ ဝါရင်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီရမင်းသမီးချော မယ်လိုဒီကတော့ ပျော်ရွှင်စရာမိသားစုဘဝလေးတစ်ခုကို တည်ထောင်ထားပြီး လက်ရှိ မိသားစုအတွက် မိခင်ကောင်း တစ်ယောက် ပီသစွာ တာဝန်ထမ်းဆောင်နေ သူတစ်ယောက် လည်းဖြစ်တာတွေ့ရပါတယ်။ ချစ်စရာ သားငယ်လေးနှင့်အတူ မိသားစုကြည်နူးမှု တွေ ကတော့ ပရိသတ်တွေကြားရေပန်းစားလျှက် ရှိတာတွေ့ ရပါတယ်။

ပရိသတ်တွေအားကျနေရတဲ့ မိသားစုဘဝလေးတစ်ခုဖြစ်သလို လက်ရှိမိသားစုအတူ သူမရဲ့ ၃၆ နှစ်ပြည့် မွေးနေ့အဖြစ် အလှူအတန်းတွေပြုလုပ်ခဲ့ပါတယ် ။ မရှိခဏဆရာတော်ကို နဝကမ အလှူတော်ငွေ ၃သိန်းကျပ် ကပ်လှူခဲ့တာဘဲ ဖြစ်ပါတယ် ။ သူမတို့ မိသားစုသုံး ယောက်ရဲ့ အလှူကို နတ်လူသာဓုခေါ်နိုင်ကြဖို့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ပရိသတ်တွေကို မျှဝေပေးခဲ့တာပါ ။

နွေးထွေးကြင်နာပြီး အလှူတန်းလက်မနှေးတတ်တဲ့ ချစ်စရာကောင်းတဲ့ သူမတို့မိသားစု လေး ကတော့ ပရိသတ်တွေအတွက် တကယ်ကို စံပြ သီရိဂေဟာလေးပါဘဲ ပရိသတ်ကြီးရေ ..။ အခုလို အသက် ၃၆ နှစ်ပြည့်မွေးနေ့မှာ မွန်မြတ်တဲ့အလှူဒါနတွေလုပ်ခဲ့တဲ့ မယ်လိုဒီကို သာဓုခေါ်ရင်း မွေးနေ့ဆုတောင်းလေးတွေ ပေးလိုက်ကြရအောင်နော် ။

Source : Melody Myo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။