လက်ရှိ Myanmar Idol အစီအစဉ်ကတော့ ပြည်တွင်းကျင်းပလျှက်ရှိတဲ့ အစီစဉ်တွေထဲမှာ အကောင်းဆုံး စာရင်းဝင်ပဖြစ်ပါတယ်။ 

ပရိသတ်အားပေးမှု အခိုင်အမာရရှိထားပြီး နှစ်စဉ် အဆိုတော်ကောင်းများစွာမွေးထုတ်ပေးလျှက်ရှိတာတွေ့ရပါတယ်။ 

အဆိုပါ ရွေးထုတ်ပေးခဲ့တဲ့ အဆိုတော်တွေထဲမှာ Myanmar Idol အစီအစဉ် ၂ Winner ဆုရှင်သားငယ်ကိုတော့အားလုံးချစ်မှာပါ။ အစီအစဉ်တစ်ခုလုံးမှာ ဆွဲဆောင်မှုအရှိဆုံးနဲ့ ပရိသတ်အကြိုက်တေးသီချင်းများစွာ တင်ဆက်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သာမာန်အကြော်သည်မိသာစုဘဝလေးနဲ့လာရောက်ယှဉ်ပြိုင်လဲ့ပြီး လက်ရှိနိုင်ငံကျော် အဆိုတော်တစ်ယောက်လည်း ဖြစ်နေတာတွေ့ရပါတယ်။

ဒီကနေ့ ပရိသတ်အချစ်တော် သားငယ်ကတော့ အောင်မြင်မှုတွေရရှိနေပေမယ့် ဘဝဟောင်းကိူမမေ့သေးကြောင်း သက်သေပြခဲ့တာတွေ့ရပါတယ်။ အဆိုပါ သက်သေကတော့ ယခင်ရောင်းခဲ့တဲ့ အကြော်သည်ဘဝကို ပြန်လည်လုပ်ဆောင်နေပြီး ဘင်မယားနှစ်ယောက်ရဲ့ ပျော်ရွှင်မှုကိုတော့ အားလုံးအမြင်ပဲဖြစ်မယ်ထင်ပါတယ်။ လက်ရှိ အရင်နေရာမှာပဲပြန်လည် အကြော်ရောင်းနေကြတဲ့ သားငယ်တို့ ဇနီးမောင်နှံပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြသလိုက်ပါတယ်။

Photos - Thar Ngal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။