နာမည်ကြီး အနုပညာရှင်တစ်ဦးဖြစ်တဲ့ ယွန်းဝတီလွင်မိုးကတော့ သူမရဲ့ ကိုယ်ဝန် သူမရဲ့သားလေးနဲ့ပတ်သတ်ပြီး စိတ်ဝင်စားနေကြသူတွေအတွက် သူမရဲ့ instagram ကတဆင့် အမေးအဖြေလေး လုပ်ပေးခဲ့တာကို တွေ့ရပါတယ်။ ပရိသတ်တွေဆီက မေးခွန်းတော်တော်များများ မေးထားကြတာတွေ့နေပြီး ယွန်းဝတီလွင်မိုးကိုယ်တိုင် မေးခွန်းတစ်ခုချင်းစီကို အသေးစိတ်ဖြေထားတာကိုလည်း တွေ့ရပါတယ်။ 

မေးခွန်းတွေထဲမှာ သူမရဲ့ ကိုယ်ဝန်ကို စသိတဲ့အချိန် သူမရဲ့ reaction ကဘယ်လိုဖြစ်ခဲ့သလဲဆိုတဲ့ မေးခွန်းလေးကို မေးထားတာ တွေ့ရပါတယ်။ ဒီမေးခွန်းနဲ့ ပတ်သတ်ပြီး ခေးကတော့ သူမရဲ့ ကိုယ်ဝန်ရှိ မရှိ result ကို သူမကြည့်ဖို့ အရမ်းစိတ်လှုပ်ရှားခဲ့တာမို့ သူမရဲ့ ခင်ပွန်းက ကြည့်ပေးခဲ့တယ်လို့ ဖြေထားပါတယ်။ ကိုယ်ဝန်ရှိတာသေချာတယ်ဆိုတဲ့အချိန် သူမရဲ့ခင်ပွန်း သူမကိုပြောတဲ့ ပထမဆုံးစကားလေးကိုလည်း ပြောပြခဲ့ပါတယ်။ 

"Baby whatever decision you make, I will support you all the way. We can have a family" ဆိုပြီး ပြောပြခဲ့တယ်လို့ သိရပါတယ်။ သူမကိုယ်တိုင်လည်း ဒီစကားကိုကြားပြီး ထိုင်ချပြီး ငိုခဲ့မိတယ်ဆိုပြီး ဖြန်ဖြေထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် ပရိသတ်တွေကတော့ သူမရဲ့ ကိုယ်ဝန်ဆောင်ဓာတ်ပုံလေးတွေကိုလည်း ထုတ်ပြဖို့ပြောထားကြတာ တွေ့ရပြီး ကလေးမွေးပြီး ခန္ဓာကိုယ်ထိန်းသိမ်းပုံတွေကိုလည်း မေးထားကြတာ တွေ့ရပါတယ်။ 

Photo Source : Yun Waddy Lwin Moe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။