ညိုချောလေးအိမ့်ချစ်တစ်ယောက် Worl Wide KTV Mandalay Grand Opening ပွဲမှာ ဖျော်ဖြေခဲ့တဲ့ သူမရဲ့အလွင့်စားပုံရိပ်တွေကို လူမှုကွန်ယက်မှာဖြန့်ဝေ လိုက်တာပဲ ဖြစ်ပါ တယ်။ ညိုချောတွေလှရင် ဖြူချောတွေလိုက်မမှီဘူးဆိုတဲ့အတိုင်း သူမက တစ်နေ့တခြား ပိုပိုပြီး လှလို့နေပါတယ်။ အသံချိုချို လေးတွေနဲ့ ပရိတ်သတ်တွေကို ဖမ်းစားနိုင်ခဲ့ပြီး လက်ရှိ အချိန်ထိလည်း အောင်မြင်မှုကို ထိန်းသိမ်း ထားနိုင်ဆဲပဲဖြစ်ပါတယ်။

ဖခင်ဖြစ်သူ အဆိုတော်ဦချစ်ကောင်းရဲ့ ခြေရာကိုအပြည့်အဝနင်းနိုင်တဲ့ သမီးလိမ္မာလေး တစ်ဦးပါပဲ။ သူမအသက်ဆယ့်လေးနှစ်အရွယ်ကတည်းက မိသားစုကို ကျေးဇူးဆပ်နေ တာပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း မောင်ဖြစ်သူကို ဂီတလောကထဲကို လက်တွဲခေါ်ယူနေ တဲ့ အမကြီးအမိရာပီသသူ တစ်ဦးလည်းဖြစ်ပါတယ်။

သူမကရွှေရောင်ဝတ်စုံလေးနဲ့ ဖျော်ဖြေနေတာဖြစ်ပြီး တကယ်ကိုညို့အားပြင်းတဲ့ အဆိုတော် မလေး ပါပဲ။ ညိုချောလေးတစ်ယောက်ဖြစ်သလို သူမရဲ့ပုံပန်းအသွင်အပြင်လေးတွေက စွဲမက် ချင်စရာပါပဲ။ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo - Eint Chit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။